ဟွန်ဒူးရပ်စ် မှ ဖြုတ်ချခံ သမတဟောင်း အာဏာ ပြန်မရနိုင် ဟုဆို

alt

မန်နျူရယ် ဇီလာရာ အနေနှင့် အာဏာ ပြန်ရစရာ အကြောင်း မရှိကြောင်း ဟွန်းဒူးရပ်နိုင်ငံ ကြားဖြတ် အစိုးရ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်တဦးက ပြောကြား လိုက်သည်။

ဇီလာရာ သည် ဇွန်လက အာဏာ အသိမ်းခံရပြီး နိုင်ငံမှပါ နှင်ထုတ်ခြင်း ခံရသော သမတဟောင်း ဖြစ်ပြီး ယခု အချိန်တွင် ဟွန်းဒူးရပ်သို့ ပြန်ရောက်နေပြီး ပြည်သူ့ ဆန္ဒဖြင့် တင်မြှောက် ခံထားရသော သမတမှာ မိမိသာ ဖြစ်ကြောင်း မည်မျှပင် ပြောနေပါစေ၊ ဇီလာရာ အနေနှင့် ယခင်ရာထူးကို ပြန်မရနိုင်ကြောင်း အစိုးရ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရ၏ ကြေညာချက်တွင် ဇီလာရာသည် ၎င်း၏ မိတ်ဆွေ ဗင်နီဇွဲလား သမတ ဟူဂိုချားဗက် နှင့် နီကာရာဂွါ သမတ ဒင်နီရယ် အော်တီဂါ တို့အား အကူအညီ တောင်းနေကြောင်း ပါရှိသည်။ ဟွန်းဒူးရပ် အစိုးရက လက်ရှိ အာဏာသိမ်း အစိုးရကို ခြိမ်းခြောက်ရန် ဇီလာရာ အနေနှင့် နီကာရာဂွါ နှင့် ကိုလံဘီယာ လက်နက်ကိုင် တပ်ဖွဲ့များအား စုရုံး သိမ်းသွင်းနေခြင်းကို ရပ်တန့် ရန်လည်း သတိပေးခဲ့သည်။

ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းက ဇီလာရာသည် သမတ အိမ်တော်အတွင်း ရှိနေစဉ် စစ်တပ်၏ ဝင်ရောက် ဖမ်းဆည်းမှုကို ခံရပြီး နိုင်ငံခြားသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ဇီလာရာ ကမူ ၎င်းသည် ယခုတိုင် ဟွန်းဒူးရပ် သမတအဖြစ် ရပ်တည်နေပြီး နိုင်ငံ့ ခေါင်းဆောင်အဖြစ် ပြန်လည် တာဝန်ယူရေး မျှော်မှန်းချက်ကို လက်လျှော့မည် မဟုတ်ကြောင်း ကြံုးဝါးနေဆဲ ဖြစ်သည်။

ထို့အပြင် ဟွန်းဒူးရပ် နိုင်ငံအတွင်းရှိ ဇီလာရာ ထောက်ခံသူများ ကလည်း လက်ရှိအစိုးရအား ဆန့်ကျင် ဆန္ဒပြရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here