မြောက်ကိုရီးယားတို့ ဖမ်းဆီးထားသည့် သတင်းထောက်နှစ်ဦး ပြန်လည် လွတ်မြောက်

alt

အမေရိကန် သတင်းထောက် နှစ်ဦး တို့အား မြောက်ကိုရီးယား အကျဉ်းထောင် ထဲတွင် (၁၂)နှစ်ကြာ နေရမည့် အန္တရာယ်မှ လွတ်မြောက် လာအောင် ဘီလ် ကလင်တန်က ဆောင်ကြဉ်း ပေးလိုက်နိုင်ပြီ ဖြစ်သည်။

ဩဂုတ်လ (၅)ရက်နေ့က အမေရိကန် သမတဟောင်းသည် လော်ရာလင်းနှင့် အူနာလီတို့ နှစ်ဦးအား အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် ခေါ်ဆောင် သွားပြီဟု မြောက်ကိုရီးယား သတင်း ဌာနက KCNA က ကြေညာခဲ့သည်။ ဩဂုတ်လ (၄)ရက် နေ့ကမှ မြောက်ကိုရီးယားသို့ ဆိုက်ရောက် လာသည့် ကလင်တန်သည် ပြံုယမ်းမြို့တွင် နာရီ(၂၀)ကြာ နေထိုင်စဉ် အတွင်း မြောက်ကိုရီးယား အာဏာရှင် ကင်ဂျံုအီ နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

မတ်လ (၁၇)ရက် နေ့က တရုတ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ကာ မြောက်ကိုရီးယား နိုင်ငံအတွင်း ဝင်ရောက်ခဲ့မိသည့် သတင်းထောက် နှစ်ဦးအတွက် ကလင်တန်က ကင်အား တောင်းပန်ခဲ့ပြီး နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေးအတွက် ၎င်းတို့အား လွှတ်ပေးရန် ပန်ကြားခဲ့သည်။ ထိုသတင်းထောက် နှစ်ဦးတို့ကို မြောက်ကိုရီးယား တရားရုံးက နိုင်ငံအတွင်း တရားမဝင် ဖြတ်သန်း ဝင်ရောက်မှုဖြင့် ထောင်ဒဏ် (၁၂)နှစ် ပြစ်ဒဏ် ချမှတ်ထားသည်။

သို့သော်လည်း ကလင်တန်၏ သံတမန် အရည်အသွေးကြောင့် သူမ တို့နှစ်ဦးသည် ဩဂုတ်လ (၅)ရက်နေ့ နံနက်ပိုင်းတွင် မိခင်နိုင်ငံသို့ ပြန်သွားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

ကလင်တန်သည် လေဆိပ်တွင် စောင့်နေခဲ့ပြီး အမျိုးသမီး နှစ်ဦးအား မြောက်ကိုရီးယား အာဏာပိုင်တို့က လာပို့ချိန်တွင် ဝမ်းမြောက်ဝမ်းသာ လက်ဆွဲ နှုတ်ဆက်ခဲ့သည်။ အမျိုးသမီး နှစ်ဦးလုံးသည် အိမ်ထောင်ရှိသူ များဖြစ်ပြီး အူနာတွင် (၄)နှစ် အရွယ် သမီးလေးတဦး ရှိသည်။ သတင်းထောက်နှစ်ဦး လွတ်မြောက်လာသော သတင်းကြောင့် မိသားစုများမှာ အလွန်ဝမ်းသာ ပျော်ရွှင် နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here