ဘီယာ အပြင်းစားများနှင့် ကင်ဆာ ဖြစ်နိုင်ချေ ဆက်စပ်

alt

ဘီယာ အပြင်းစားများ မကြာခဏ သောက်သုံးခြင်းသည် ကင်ဆာ ရောဂါ ဖြစ်ပွား နိုင်ခြေကို (၂)ဆမျှ မြင့်တက် လာစေကြောင်း ပညာရှင်များက ပြောကြား လိုက်သည်။

ဘီယာ အပြင် Sprites ကဲ့သို့ ခပ်ပြင်းပြင်း အချိုရည် များတွင်လည်း အလားတူ ပြဿနာမျိုး ရှိကြောင်း ဆရာဝန်များက ဆိုသည်။ ထို့အပြင် သုတေသန ရလဒ်များ အရ ဝိုင်အရက်ပြင်းကို များများ သောက်သူများတွင်မူ ထိုပြဿနာမျိုး မတွေ့ရကြောင်း သိရှိရသည်။

ဘီယာနှင့် အချိုရည် အပြင်းစားများသည် အီဆိုဖေးဂက်စ်၊ အသည်း၊ ကျောက်ကပ် တို့တွင် ကင်ဆာ ဖြစ်နိုင်ရန် တွန်းအား ပေးလေ့ရှိကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ အယ်လ်ကိုဟော များများပါသော ဘီယာမှ ဓာတ်ပစ္စည်း အချို့တို့သည် ကင်ဆာရောဂါ (၇)မျိုးခန့် ပိုမို ဖြစ်နိုင်ခြေ တိုးပွား လာစေသော်လည်း ဝိုင် အရက်တွင်မူ ထိုပြဿနာ မရှိကြောင်း သုတေသီ များက ဆိုသည်။

မက်ဂီး တက္ကသိုလ် ဆေးဝါးဌာနမှ ဒေါက်တာ အန်ဒရီ ဘန်နက်ဒတီက ဝိုင်အရက် နှစ်ခြိုက်သူများနှင့် ဘီယာ ကြိုက်သူများကြား ကင်ဆာ အန္တရာယ် မြင့်မားလာမှုမှာ ထင်ထင်ရှားရှား ကွဲပြားနေကြောင်း အတည်ပြုခဲ့သည်။ ယခု သုတေသန ရလဒ်များကို Cancer Detection & Prevention ဂျာနယ်တွင် အပြည့်အစုံ ဖော်ပြခဲ့သည်။

ဒေါက်တာ ဘန်နက်ဒတီ အပါအဝင် ပညာရှင်များသည် (၁၉၈၀) နောက်ပိုင်း ကင်ဆာရောဂါ ခံစားခဲ့ရသူများ၏ ဆေးမှတ်တမ်းများကို ပြန်လည် စုစည်းကာ ယခုကဲ့သို့ တွေ့ရှိလာခြင်း ဖြစ်သည်။ ဘီယာ ခပ်ပြင်းပြင်းများကို သောက်ခြင်းသည် ကင်ဆာ အန္တရာယ်အပြင် အခြားသော ကျန်းမာရေး ဆိုးကျိုး များနှင့်လည်း ပိုမိုနီးစပ် သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here