အိန်ဂျယ်လီနာ ဂျိုလီ၏ ကိုယ်တုံးလုံးပုံ ရုပ်တု မကြာမီ ကြည့်ရှုနိုင်မည်

alt

အိန်ဂျယ်လီနာ ဂျိုလီ၏ ကိုယ်တုံးလုံးပုံ ရုပ်တုတခုကို မကြာမီ ထုတ်ဖော် ပြသရန် စီစဉ်ထားကြောင်း သိရှိရသည်။

အဆိုပါ ရုပ်တုကို အိုကလာဟိုးမား တွင် ထားရှိရန် ပြင်ဆင်နေပြီး ပုံတွင် ဂျိုလီက ကလေးငယ် (၂)ဦးကို နို့တိုက်နေဟန် ထွင်းထုထားမည် ဖြစ်သည်။ ရုပ်တုသည် လူ အရွယ်အစား အတိုင်း ထုလုပ်ထားသည့် ကြေးရုပ်တခု ဖြစ်ပြီး နယူးယောက်မှ ပန်းပု ပညာရှင် ဒင်နီရယ်အက်ဒွပ် ၏ လက်ရာဖြစ်သည်။

ထို ရုပ်တုကို စက်တင်ဘာလ မှ စတင်ပြီး အများပြည်သူ သို့ ပြသမည် ဖြစ်ပြီး ယမန်နှစ် အတွင်းက W မဂ္ဂဇင်းတွင် ပါရှိသည့် ဂျိုလီက အမြွှာကလေးငယ် နှစ်ဦးကို နို့တိုက်နေသည့် ဓာတ်ပုံအား တွေ့ရှိပြီးနောက် ပန်းပုဆရာက စိတ်ကူး ရလာခြင်း ဖြစ်သည်။

ထို ရုပ်တုသည် မိခင်တို့၏ နို့ချို တိုက်ကျွေးပြီး သားသမီးအပေါ် ထားရှိသည့် မေတ္တာကို အကောင်းဆုံး ချီးကျူး ဂုဏ်ပြုမှုတခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အက်ဒွပ်က ဆိုသည်။

ထို့အပြင် အခြားသော နို့မှုန့်၊ နို့ဘူး များထက် သားသမီးများ အတွက် မိခင်နို့က ပိုမို သင့်တော်ကြောင်း ပညာပေး ဆွဲဆောင်မှု တခုလာ ဖြစ်လာစေမည် ဟု အက်ဒွပ်က ဆက်လက ်ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here