3D ဓာတ်ပုံ ရိုက်ကူးနိုင်မည့် ကမ္ဘာ့ ပထမဆုံး ရုပ်ကြွကင်မရာ

alt

ကမာ္ဘ့ ပထမဆုံး 3D ရုပ်ကြွ ကင်မရာကို ဗြိတိန် နိုင်ငံတွင် စတင် ဖြန့်ချီတော့မည် ဖြစ်သည်။ နာမည်ကျော် ဂျပန် ကင်မရာ ထုတ်လုပ်ရေး Fuji ကုမ္မဏီက ရောင်းချမည့် FinePix REAL 3D W1 ကင်မရာ သည်

ရိုက်ကူး ထားသော ဓာတ်ပုံများကို ပြန်ကြည့်ပါက ကင်မရာ အပြင်ဘက်သို့ ကြွတက် လာသည့်နှယ် မြင်နိုင်အောင် ဖန်တီး ထားမည်ဖြစ်သည်။

“ဒီ ကင်မရာနဲ့ မှတ်တမ်း တင်ထားတဲ့ ပုံတွေကိုကြည့်ရင် မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရသလို ဖြစ်နေမှာပါ” ဟု Fuji မှ တာဝန်ရှိသူ တဦးက ဆိုသည်။ ထို ကင်မရာသည် မှန်ဘီလူး (၂)ခုနှင့် အာရုံခံ ကိရိယာ (၂)ခု တို့ကို ထည့်သွင်း တည်ဆောက် ထားသည်။ ထိုအရာများသည် 2 Dimension effect ကို ရရှိစေပြီး တတိယမြောက် Dimension ကို ကင်မရာ အတွင်းရှိ Processor က အနည်းငယ် ကွဲပြားသော ထောင့် အနေအထားများမှ ဖန်တီး ပေးမည်ဖြစ်သည်။

သို့သော်လည်း ထိုကင်မရာ၏ 3D Effect ကို ရရှိလိုသော ဓာတ်ပုံ ရိုက်ကူးသူသည် မျက်မှန် အနီရောင်နှင့် အစိမ်းရောင်များ တပ်မထားရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ ရိုက်ကူးထားသော ပုံများကို ကင်မရာ၏ အနောက်ဘက်ရှိ (၂.၈)လက်မ အရွယ် LCD တွင် ပြန်လည် ကြည့်ရှုပြီး 3D အရသာကို ခံစားနိုင်မည်ဟု ဆိုသည်။ ထို ကင်မရာများကို စက်တင်ဘာလ အတွင်း ဗြိတိန်မှ စတင် ဖြန့်ဖြူးသွားမည် ဖြစ်သည်။

ကင်မရာတွင် အသုံးပြုထားသော LCD သည် နည်းပညာမြင့် ပလတ်စတစ် တမျိုးကို ရောစပ်ထားပြီး effect များကို ပီပြင်စွာ ရုပ်လုံးကြွ စေမည် ဖြစ်သည်။ ကင်မရာ၏ ကိုယ်ထည်မှာ မာကျောသော အလူမီနီယံဖြင့် ပြုလုပ်ထားပြီး လက်၏ လှုပ်ရမ်းခြင်းကြောင့် ပုံရိပ် ဝေဝါးခြင်း မရှိအောင် စီစဉ်ထားသည်။ ထို ကင်မရာ၏ Optical Zoom သည် သာမန်ထက် (၃)ဆ အထိ ချဲ့နိုင်ပြီး လေယာဉ်ပျံနှင့် ကားများကဲ့သို့ ရွေ့လားနေသည့် အရာဝတ္ထုများ ကိုပါ 3D ဓာတ်ပုံများ ရရှိအောင် ရိုက်ကူးနိုင်မည် ဖြစ်သည်။

နည်းပညာ သစ်ဖြင့် ထုတ်လုပ်ထားသည့် ထို ကင်မရာများသည် ဈေးပေါခြင်း မရှိကြောင်း သိရှိရပြီး FinePix REAL 3D W1 သည် သာမန် 2D ကင်မရာ ကဲ့သို့လည်း အသုံးပြုနိုင်ပြီး 10 Megapixel အထိ ရိုက်ကူးနိုင်ကာ ဈေးနှုန်းအနေနှင့် ပေါင်စတာလင် (၅၇၀) ခန့် ကျသင့်ဖွယ် ရှိသည်။

Fuji သည် ထိုနည်းပညာကို အခြေခံကာ လက်ရှိ နာမည်ကြီး ရုပ်ရှင်များဖြစ်သည့် Harry Potter နှင့် Ice Age တို့ကို 3D ရုပ်ရှင်အဖြစ် ဖန်တီးရန် စဉ်းစား နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here