မိုဘိုင်းလ်ဖုန်း သုံးခြင်းမပြုရန် အာဖဂန် ပြည်သူများအား တာလီဘန်တို့ ခြိမ်းခြောက်

alt

မိုဘိုင်းလ် ဖုန်းများ အသုံးပြု နေမှုကို ရပ်တန်းက ရပ်ရန် တာလီဘန် တပ်ဖွဲ့ များက အာဖဂန်နစ္စတန် ပြည်သူများအား သတိပေး လိုက်သည်။

မိုဘိုင်းလ်ဖုန်း အသုံးများလာမှုသည် အစ္စလာမ် ဘာသာကို ဆန့်ကျင်သည့် လုပ်ရပ် တခုဖြစ်ပြီး ဖုန်းအတွင်း တွင် အမျိုးသား အမျိုးသမီး ပုံများ ထည့်ထား ခြင်းကြောင့် ဘာသာရေး သတ်မှတ် ချက်ကို ချိုးဖောက်ရာ ရောက်ကြောင်း စွပ်စွဲခဲ့သည်။

အရှေ့တောင်ပိုင်းရှိ ဂါဇနီခရိုင် အနီးတဝိုက် ရွာများတွင် ညဘက် အချိန်အတွင်း ထို သတိပေးစာများ လာချသွားပြီး ဘာသာရေးအရ အပြစ်ရှိသော အပြုအမူများကို ဆောင်ရွက် နေခြင်းအတွက် တုန့်ပြန်ရန် အသိရှိနေကြောင်း တာလီဘန်တို့က ရွာခံလူထုအား ခြိမ်းခြောက် ရေးသားထားသည်။

ဖုန်းများ အတွင်း ပါဝင်သော ဗီဒီယို နှင့် ဓာတ်ပုံ ကြည့်ရှုရန် Function များကို တာလီဘန်တို့က မကျေနပ်ဘဲ မိန်းမများသည် သွေးသား မတော်စပ်သော ယောက်ျားပျိုများကို ဓာတ်ပုံရိုက် သိမ်းဆည်းထားပြီး ယောက်ျားများ ကလည်း ထိုကဲ့သို့ လုပ်ရပ်များ ကျူးလွန်ကြောင်း၊ ထိုကိစ္စသည် ဘာသာရေးအရ လုံးဝ ခွင့်မလွှတ်သင့်ကြောင်း စွပ်စွဲ ခဲ့ကြသည်။

ထို့အပြင် ဩဂုတ်လ (၂၀)ရက် နေ့တွင် ကျင်းပမည့် အာဖဂန် ရွေးကောက်ပွဲ တွင်လည်း ပြည်သူများအား မဲ မပေးကြရန် တာလီဘန် တို့က အကြပ်ကိုင် တိုက်တွန်း နေကြသည်။ နိုင်ငံ အတွင်းရှိ တာလီဘန် ဩဇာ သက်ရောက်နေဆဲ ကျေးရွာနှင့် မြို့များတွင် ရွေးကောက်ပွဲ ကျင်းပခါနီး တရက် ကတည်းက မည်သူမျှ ခရီးမထွက်ဘဲ အိမ်တွင်း အောင်းနေရန် တာလီဘန် တို့က ခြိမ်းခြောက် ခိုင်းစေထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here