အမေရိကန် သမတဟောင်း ဘီလ်ကလင်တန် မြောက်ကိုရီးယားသို့ ရုတ်တရက် သွားရောက်

alt

အမေရိကန် သမတဟောင်း ဘီလ် ကလင်တန်သည် ကြိုတင် ကြေညာ ထားခြင်း မရှိဘဲ ဩဂုတ်လ (၄)ရက် နေ့က မြောက်ကိုရီးယား နိုင်ငံသို့ ရောက်ရှိ သွားကြောင်း သိရှိရသည်။

ကလင်တန်၏ ခရီးစဉ်သည် ကွန်မြူနစ် နိုင်ငံအတွင်း ဖမ်းဆီး ခံထားရသည့် အမေရိကန် သတင်းထောက် နှစ်ဦး လွတ်မြောက်ရေး နှင့် မေလ အတွင်း မြောက်ကိုရီးယား ၏ အနုမြူဗုံး စမ်းသပ်မှု အပြီး အမေရိကန်နှင့် ဆက်ဆံရေး တင်းမာ လာမှုများကို ညှိနှိုင်း ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။

မြောက်ကိုရီးယား၏ အနုမြူဆိုင်ရာ ညှိနှိုင်းရေးမှူးသည် အမှတ်အသား မပါသော လေယာဉ်ပျံဖြင့် ပြုံယမ်းသို့ ရောက်ရှိလာသော ကလင်တန် အား လာရောက် ကြိုဆိုသွားကြောင်း APNT ရုပ်မြင်သံကြား ဌာနက ရိုက်ကူး ဖော်ပြခဲ့သည်။ ဗီဒီယို အတွင်း ကလင်တန်သည် ငယ်ရွယ်သော ကျောင်းသူအရွယ် မိန်းကလေးငယ်က ပန်းစည်း လက်ဆောင် ကမ်းပေးသည်ကို ပြံုးရွှင်စွာ လက်ခံ ယူလျှက်ရှိသည်ကို တွေ့ရှိရသည်။

အမေရိကန် အစိုးရသည် လော်ရာလင်းနှင့် အူနာလီတို့ သတင်းထောက် နှစ်ဦး လွတ်မြောက် လာရေးအတွက် အသည်းအသန် ကြိုးပမ်းနေသော်လည်း မြောက်ကိုရီးယားဘက်မှ ငြင်းဆန်နေသဖြင့် သမတဟောင်း ကိုယ်တိုင် လာရောက် ညှိနှိုင်းရခြင်း ဖြစ်နိုင်ဖွယ် ရှိနေသည်။ ယခင် အမေရိကန် ဒုတိယ သမတဟောင်း အယ်ဂိုး ပိုင်ဆိုင်သည့် ရုပ်မြင်သံကြား ဌာနအတွက် အလုပ် လုပ်နေသည့် သတင်းထောက် နှစ်ဦးတို့မှာ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေစဉ် မတ်လ အတွင်းက တရုတ်နှင့် မြောက်ကိုရီးယား နယ်စပ် အနီးတွင် အဖမ်းခံရခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် သတင်းထောက် နှစ်ဦးမှာ နိုင်ငံအတွင်းသို့ တရားမဝင် ကျူးကျော် ဝင်ရောက်လာကြောင်း စွပ်စွဲပြီး ထောင်ဒဏ် (၁၂)နှစ် ချမှတ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here