သင်္ချိူင်းမှာ အချိန်ပို နေမိသဖြင့် ဒဏ်တပ် ခံရတဲ့ အမျိုးသမီး

alt

ကလေးငယ် သေဆုံးသဖြင့် ပူဆွေး သောက ရောက်နေသည့် မိခင်တဦးမှာ သင်္ချိုင်း တာဝန်ရှိသူများ၏ ဒဏ်ငွေ ရိုက်ခံရခြင်းကြောင့် အလွန် ဒေါသထွက် နေကြောင်း သိရှိရသည်။

အသက် (၃၂)နှစ်ရှိ ဗြိတိန်သူ တယ်ရီရော့ဆူး သည် သူမ၏ (၅)ပါတ် အရွယ် သားငယ်လေး ဇိန်းအား သင်္ချိုင်း တာဝန်ခံများက သယ်မသွားမီ အချိန် (၁၀)မိနစ်မျှ ပိုနေခဲ့မိ သဖြင့် (၈၆)ပေါင် ထပ်မံ ပေးဆောင်ရန် ဒဏ်ရိုက် ခံခဲ့ရသည်။ မီတန် ကီးနက်စ်ဘာရိုး ကောင်စီမှ တာဝန်ယူ ဆောင်ရွက်နေသည့် သင်္ချိုင်းမှ တာဝန် ရှိသူများ ကမူ တယ်ရီသည် သတ်မှတ်ချိန် (၃၀)မိနစ် ထက် အချိန်ပို ယူသဖြင့် ယခုလို ဖြစ်ရခြင်းဟု တုန့်ပြန်ထားသည်။

ပြီးခဲ့သော သီတင်းပါတ် ပြုလုပ်ခဲ့သည့် ကလေးငယ်၏ အသုဘ ကုန်ကျစရိတ်မှာ (၃၂)ပေါင်သာ ကျသင့်သော်လည်း တယ်ရီသည် ငယ်ငယ်ရွယ်ရွယ် နှင့် လူ့လောကကို စွန့်ခွာခဲ့သည့် သားငယ်အတွက် မျက်ရည် မဆည်နိုင်အောင် ဖြစ်နေပြီး အခေါင်းဘေးနားမှ ရုတ်တရက် ခွဲခွာရန် ငြင်းဆန်ခဲ့သဖြင့် နောက် အသုဘအတွက် အနှောင့်အယှက် ဖြစ်စေကြောင်း သင်္ချိုင်း တာဝန်ရှိသူများက စွပ်စွဲခဲ့သည်။

အခမ်းအနား ပြီးဆုံးချိန်တွင် ဒဏ်ကြေး တောင်းဆိုရန် လာပြောသည့်အခါ တယ်ရီမှာ အကြီးအကျယ် ဒေါသ ပေါက်ကွဲခဲ့ကြောင်းလည်း သိရှိရသည်။ တယ်ရီ နှင့် သူမ၏ချစ်သူ လီဆမင်သီတို့၏ သားငယ် ဇိန်းမှာ ဧပြီလ (၉)ရက်နေ့ ကတည်းက ကလေးငယ်များတွင် ရုတ်တရက် ပေါ်ပေါက် လာတတ်သည့် Infant Death Syndrome ကြောင့် ကွယ်လွန် ခဲ့သော်လည်း မိဘနှစ်ပါးက ကလေးငယ်၏ အလောင်းအား ဆက်လက်ထားရှိရန် တောင်းဆိုခဲ့သဖြင့် (၃)လကြာမှ အသုဘ ချခဲ့ခြင်းဖြစ်သည်။

ကလေး၏ဖခင် ဆမင်သီမှာ ထိုကိစ္စအား တရား ဥပဒေအရ တုန့်ပြန် ဆောင်ရွက်သွားရန် စဉ်းစားနေကြောင်း စိတ်ဆိုးမာန်ဆိုး ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here