A/H1N1 ကာကွယ်နိုင်ရန် ဝီစကီ များများသောက်သင့် ဟုဆို

alt

ရုရှား ဘောလုံး ပရိသတ်များ အဖွဲ့သည် ဝေလ အသင်းနှင့် လာမည့် လအတွင်း ကစားရမည့် ကမာ္ဘ့ဖလား ခြေစစ် ဘောလုံးပွဲသို့ သွားရောက် ကြည့်ရှုပါက H1N1 တုပ်ကွေး ကူးစက်မှုကို ကာကွယ် နိုင်ရန်

ဝီစကီ များများ သောက်သင့်ကြောင်း ပရိသတ် များထံ တိုက်တွန်း ပြောကြား ခဲ့သည်။

VOB ဟုခေါ်သော အဆိုပါအဖွဲ့ အကြီးအကဲ အလက်ဇန်းဒါး ရှက်ပရာဂင် က ခရီးစဉ် အတွင်း ဝီစကီများများ သောက်ခြင်းဖြင့် ကမာ္ဘအနှံ့တွင် ခြိမ်းခြောက်နေသော ရောဂါဆိုးကြီးအား ကြိုတင် ကာကွယ်ရန် မိမိတို့ နှိုးဆော်နေကြောင်း အတည်ပြု ခဲ့သည်။ ပညာရှင်များက H1N1 ကို အယ်ကိုဟော ဓာတ်က ကာကွယ် တားဆီးနိုင်ကြောင်း ပြောဆိုထားသည်ကို ရှက်ပရာဂင် က ထောက်ပြခဲ့ပြီး စက်တင်ဘာ (၉)ရက် နေ့တွင် ကားဒစ်မြို့သို့ လိုက်လံ အားပေးမည့် ဘောလုံးပရိသတ် ထောင်ဂဏန်းမျှအား ယခုလို အကြံပြုခဲ့ခြင်း ဖြစ်သည်။

ရုရှား ကျန်းမာရေး ဝန်ကြီးဌာနသည် မိမိ နိုင်ငံသားများအား တုပ်ကွေးဖြစ်ပွားမှု မြင့်မားနေသော ဗြိတိန်သို့ သွားရောက်ပါက သတိပြု နေထိုင်ရန် နှိုးဆော် ထားခဲ့သည်။ ကျန်းမာရေး ဆိုင်ရာ အရာရှိများက ဗြိတိန်သည် တုပ်ကွေး ကူးစက်မှုအတွက် အန္တရာယ် ရှိနိုင်ကြောင်း ရှုမြင်ထားသော်လည်း ၎င်းတို့ အနေနှင့် ဝီစကီ တန်ခိုးဖြင့် အဆင်ပြေမည် ထင်ကြောင်း ရှက်ပရာဂင် က ဆိုသည်။

သို့သော်လည်း အလွန်အကျွံ အရက်သောက်တတ်သည့် ရုရှား များကြောင့် ထိုပွဲအတွက် လုံခြံုရေး တာဝန် ယူထားရသော ဝေလ ရဲတပ်ဖွဲ့များမှာ အလွန် အလုပ်ရှုတ် ရဖွယ်ရှိကြောင်း သတင်းများက သုံးသပ် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here