တော့တင်ဟမ် တိုက်စစ်မှူး ဒါရင်းဘန့် ဆန်းဒါးလန်းသို့ ပြောင်းရွှေ့ ရောက်ရှိ

alt

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဒါရင်းဘန့် မှာ တော့တင်ဟမ် ဟော့စပါးမှ ဆန်းဒါးလန်း သို့ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိ သွားပြီ ဖြစ်သည်။

အသင်းသို့ ပီတာခရော့ ရောက်ရှိ လာပြီးနောက် လန်ဒန် ကလပ်ကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့သော ဘန့်သည် ဆန်းဒါးလန်း နှင့် (၄)နှစ် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ အသက် (၂၅)နှစ်ရှိ ဘန့်အား ဆန်းဒါးလန်းက ကနဦး ပြောင်းရွှေ့ကြေး ပေါင်(၁၄) သန်းဖြင့် ကမ်းလှမ်း ခဲ့သော်လည်း တော့တင်ဟမ်က ပယ်ချခဲ့သဖြင့် ပေါင်(၁၅) သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘန့်အား စတုတ်စီးတီး ကလည်း စိတ်ဝင်စား ခဲ့သေးသည့်တိုင် ကစားသမား ကိုယ်တိုင်က ဆန်းဒါးလန်း ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဘန့်သည် ၎င်းအတွက် ဆန်းဒါးလန်း၏ ပထမအကြိမ် ကမ်းလှမ်းမှုကို တော့တင်ဟမ်က ငြင်းဆန်ခဲ့စဉ် အသင်းဥက္ကဌ ဒယ်နီရယ်လီဗီးအား Twitter ဝဘ်ဆိုက်မှ တဆင့် ရိုင်းပြစွာ ဝေဖန်ခဲ့မှုကြောင့် ပေါင်(၁၂၀၀၀၀) ဒဏ်ရိုက် ခံခဲ့ရသေးသည်။

ဘန့်၏ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိခဲ့ခြင်း အတွက် ကျေနပ်မိကြောင်း တော့တင်ဟမ်နည်းပြ ဟယ်ရီရက်နပ် က ပြောကြားခဲ့သည်။ ၎င်းသည် ဘန့်အား အသင်းတွင် ဆက်ရှိ နေစေလိုသော်လည်း ကစားသမား ကိုယ်တိုင်က ခရော့နှင့် အပြိုင် နေရာ လုရမည်ကို မနှစ်သက် သဖြင့် အသင်းပြောင်းခွင့် ပေးခဲ့ကြောင်း ရက်နပ်က ရှင်းလင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here