ဓာတ်ပုံ ဆရာအား တိုက်ခိုက်ခဲ့သည် ဆိုသော သတင်းကြောင့် နာအိုမီကင်းဘဲလ် စိတ်ပျက်ရ

alt

ဗြိတိသျှ ဆူပါမော်ဒယ် နာအိုမီ ကင်းဘဲလ် က သူမသည် ဓာတ်ပုံဆရာ တဦးအား တိုက်ခိုက်ခဲ့သည် ဆိုသော သတင်းများ အတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

ထို ကောလဟာလများ ပြန့်နှံ့ လာခြင်း အတွက် သူမ၏ အလုပ်အကိုင် အပေါ် သက်ရောက်မှု အချို့ ရှိကြောင်းလည်း နာအိုမီက ညည်းညူခဲ့သည်။ ယမန်နှစ် အတွင်းက အီတလီနိုင်ငံတွင် ရှိနေစဉ် သူမအား ဓာတ်ပုံရိုက်ရန် ကြိုးစားခဲ့သည့် အတွက် နာအိုမီက မိမိအား လက်ကိုင်အိတ်ဖြင့် အပြင်းအထန် ရိုက်နှက် ခဲ့ကြောင်း ဂီတာနိုဒီ ဂျီအိုဗန်နီ က စွပ်စွဲရာမှ ထိုပြဿနာ အစပြု လာခြင်းဖြစ်သည်။

ထိုစဉ်က နာအိုမီသည် သူမ၏ ချစ်သူ လုပ်ငန်းရှင်သူဌေး ဗလာဒီဆလက် ဒိုရိုနင် နှင့် အီတလီသို့ အပမ်းဖြေခရီး ထွက်လာကြောင်း ဂျီအိုဗန်နီ ကဆိုသည်။

ဂျီအိုဗန်နီက သူမအား ဓာတ်ပုံရိုက်ရန် ကြိုးစားစဉ် အတွင်းပင် အိတ်ကိုဆွဲကာ ဒေါသတကြီး တိုးကပ်လာသည့် နာအိုမီ အား သတိပြု မိခဲ့ကြောင်း၊ ၎င်း၏ ကိုယ်ပေါ်သို့ နာအိုမီက အညှိုးတကြီး ရိုက်နှက်နေစဉ် မည်သို့ ဖြစ်ပျက်နေသည်ကို သတိလက်လွတ် ဖြစ်သွားပြီး နာအိုမီ အား သူမ၏ ချစ်သူနှင့် သက်တော်စောင့် တို့က အတင်း ဝင်ဆွဲမှသာ လွတ်မြောက်လာကြောင်း စွပ်စွဲထားခြင်း ဖြစ်သည်။

သို့သော်လည်း နာအိုမီ၏ ကိုယ်ရေးအရာရှိက လက်ရှိ ထွက်ပေါ်နေသော သတင်းများသည် နာမည်ကျော် မော်ဒယ်အား အရှက်ကွဲစေရန် ရည်ရွယ် ထားခြင်းသာ ဖြစ်ပြီး တခုမှ မဟုတ်မှန်ကြောင်း ကြေညာချက် တစောင် ချက်ခြင်း ထုတ်ပြန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here