HIV၏ မူလအစ မျက်စိ လည်စရာ ဖြစ်လာ

alt

HIV ဗိုင်းရပ်စ်၏ ကနဦး အစကို လေ့လာနေသည့် ပညာရှင်များ အတွက် မျက်စိ လည်စရာ အခြေအနေတခု ထပ်မံ ပေါ်ပေါက်လာခဲ့ ရသည်။

HIV-1 မူလ ရောဂါပိုးသည် ယခင်က ချင်ပန်ဇီ မျောက်ဝံများမှ စတင်ပြန့်နှံ့ လာကြောင်း ယုံကြည် နေခဲ့သော်လည်း ထိုပိုး၏ မူလ အစသည် ဂေါ်ရီလာ လူဝံများမှ ဖြစ်နိုင်ကြောင်း အထောက်အထားများ တွေ့ရှိ လာခဲ့သည်။

ကမာ္ဘပေါ်ရှိ လူဦးရေ (၃၃)သန်းသို့ ပြန့်နှံ့ ရောက်ရှိနေသည့် ရောဂါပိုးသည် ယခုအခါ ဂေါ်ရီလာ တွင်လည်း ဖြစ်နိုင်ကြောင်း ပြင်သစ်နိုင်ငံရှိ ပညာရှင်များက ရှင်းရှင်းလင်းလင်း သိရှိ လာကြရ ချေသည်။ အသက်(၆၂)နှစ် အရွယ် ကင်မရွန်း အမျိုးသမီး တဦးတွင် စွဲကပ်နေသော HIV ဗိုင်းရပ်စ်သည် ချင်ပန်ဇီ၏ မျိုးဗီဇမှ မဟုတ်ဘဲ ဂေါ်ရီလာ လူဝံ ထံမှ မျိုးဗီဇသာ ဖြစ်ကြောင်း Nature Madicine သတင်းလွှာက ဖော်ပြခဲ့သည်။

ယခု ပုံစံသစ်သည် HIV ပိုး မျိုးကွဲအသစ် တမျိုးဖြစ်ပြီး လက်ရှိ အသုံးပြုနေသော HIV ဟန့်တားရေး ဆေးဝါးများက ထိုပိုးအတွက် အာနိသင် ရှိကြောင်း သိရှိရသည်။ ခုခံအား ကျဆင်းမှု ရောဂါဆိုးကြီးအား ဖြစ်ပွားစေသည့် ယင်းရောဂါပိုးကို (၁၉၈၀)ပြည့်လွန် နှစ်များက ဖော်ထုတ် နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂေါ်ရီလာ ဗီဇဆဲလ်ဖြင့် တွေ့ရှိမှုမှာ ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ထိုပိုးသည် ကွန်ဂိုနိုင်ငံမှ စတင်ပြန့်နှံ့ လာသည်ဟု ယူဆရပြီး လူအပြင် အခြားသော ပရိုင်းမိတ် အချို့တို့တွင်လည်း တွေ့ရှိနိုင်ကြောင်း သုတေသီ ဆရာဝန်များက ညွှန်းဆို ပြောကြားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here