အင်တာမီလန် ကစားသမားအား ရီးရဲလ် မက်ဒရစ် ခေါ်ယူရန်ပြင်

alt

ရီးရဲလ် မက်ဒရစ် အသင်းသည် အသင်း၏ ခံစစ်ကြောင်းကို အားဖြည့်ရန် အတွက် အီတလီ စီးရီးအေ ကလပ် အင်တာမီလန်မှ ဒေါက်ဂလက် မိုင်ကွန်အား ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

သတင်းများက စပိန်ထိပ်သီး ကလပ် အသင်းသည် အသက် (၂၇)နှစ် အရွယ် ဘရာဇီး ညာနောက်ခံလူ အတွက် ယူရို (၁၅)သန်း အပြင် အသင်းမှ နယ်သာလန် လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် ဝက်စလေ ရှနိုက်ဒါ ကိုပါ အလိုက် ပေးသွားရန် အသင့်ရှိနေကြောင်း ဖော်ပြခဲ့သည်။

Peace Cup ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲတွင် ဂျူဗင်တပ်အား (၂-၁) ဖြင့် ရှုံးနိမ့် ခဲ့ပြီးနောက် အသင်း၏ ခံစစ်ကြောင်း အတွက် ကမာ္ဘ့အဆင့်မီ ဘောလုံးသမားများ ဝယ်သွားရန် လိုအပ်နေကြောင်း ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်စ် က ဝန်ခ ံခဲ့ပြီးနောက် မိုင်ကွန်အား စိတ်ဝင်စား လာခြင်းဖြစ်သည်။

အင်တာမီလန် သည် ဘာစီလိုနာမှ ဘော့စနီးယား လက်ရွေးစင် အလက်ဇန္ဒားလှက် အား အငှားခေါ်ယူရေး ရည်မှန်းချက် ပျက်ပြယ် သွားပြီးနောက် ကွင်းလယ်လူ တဦးကို ရှာဖွေလျက်ရှိရာ ရီးရဲလ်၏ ကမ်းလှမ်းမှုကို စိတ်ဝင်စား လာဖွယ် ရှိနေသည်။

သို့သော်လည်း အင်တာနည်းပြ ဟိုဆေး မော်ရင်ညိုက ၎င်း၏ နေရာတွင် ကမာ္ဘ့အဆင့် ခြေစွမ်းမျိုး ပြသနေသည့် မိုင်ကွန် ကဲ့သို့ ကစားသမား မျိုးအား ဈေးပေါပေါနှင့် ရောင်းချရန် အစီအစဉ် မရှိကြောင်း ပြောကြား ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here