ဂျွန် ဝီလီယံ ယက်ထော ရန်ကုန်ဆေးရုံကြီး သို့ တက်ရောက်ကုသ

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အတွင်းသို့ ဝင်ရောက် ခဲ့သည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထော သည် ယမန်နေ့ည ( တနလာင်္နေ့ ည ၁၂ နာရီ ခန့်) က

ကျန်းမာရေး ဖောက်ပြန် လာသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး သို့ တင်လိုက် ရသည်ဟု သိရှိရသည်။ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ သည် ပြီးခဲ့သည့် ဇွန်လ ကတည်းက အစားအစာ မစားသည့် အတွက် ဆေးဝါးများ၊ သောက်ရေသန့်၊ ဓါတ်ဆားရေ တို့ကို စီစဉ် ပေးထားကာ၊ အကျဉ်းထောင် ထောင်ဆေးရုံ သီးသန့်အခန်းတွင် ထားရှိသည်ဟု ဇွန်လ ၂၅ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သတင်းစာ ဆရာများနှင့် သံရုံးများ မှ သံတမန်များအား ပြောကြားခဲ့ပြီး၊ ဂျွန် ဝီလီယံ ယက်ထော ၏ ရှေ့နေ ဦးခင်မောင်ဦး သည် ဘာသာရေးအရ အဓိဋ္ဌာန်ဝင်ခြင်း ဟု ပြောဆိုခဲ့ဘူးသည်။

မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား ရန်ကုန် ပြည်သူ့ဆေးရုံကြီး အထူးခန်းတွင် ထားရှိကာ ကျန်းမာရေး ကောင်းမွန်လျှက် ရှိသော်လည်း၊ အသေးစိတ်ကိုမှု ထုတ်ဖေါ် ပြောဆိုခြင်း မရှိချေ။ မစ္စတာ ဂျွန် ဝီလီယံ ယက်ထော သည် ဆီးချို ရောဂါ၊ စိတ်ကစဉ့်ကလျား  ရောဂါ နှင့် အခြားသော ရောဂါ များရှိသည်ဟု ပြောဆို ကြသော်လည်း၊ ဇွန်လ ၂၅ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် စစ်အစိုးရ ရဲချုပ်ခင်ရီက ဂျွန် ဝီလျံ ယက်ထော အနေနှင့် စိတ်ကစဉ့်ကလျား ဖြစ်နေသူ လုံးဝ မဟုတ်ကြောင်း နာရီဝက်ခန့် ရှင်းလင်း ပြောကြား သွားခဲ့ဖူးသည်။

အမေရိကန် နိုင်ငံသား ဝီလီယံ ယက်တော ကို နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးလိုသူ အား အားပေး ကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ တို့ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ကာ၊ မစ္စတာ ဂျွန် ဝီလီယံ ယက်ထော က သူ့အနေနဲ့ အပြစ် ကျူးလွန်မှု ရှိကြောင်း တရားရုံးတော်တွင် ဝန်ခံပြောဆို ခဲ့ပြီး၊ သက်ညှာခွင့် တောင်းခံထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here