Web Browser လောကတွင် Mozilla Firefox အသာစီးရလာ

alt

Web Browser လောကတွင် ယှဉ်ပြိုင်နေမှုတွင် Mozilla ၏ထုတ်ကုန် Firefox မှာ အပြတ်အသတ် အသာစီး ရလာနေကြောင်း သိရှိရသည်။

Open-source Browser ဖြစ်သည့် Firefox သည် အသုံးပြုရန် Download လုပ်မှုမှာ တနှစ်အတွင်း တစ်ဘီလျံ ကျော်သွားပြီ ဖြစ်ကြောင်း ဇွန်လ ကုန်ထိ ကောက်ခံထားသော စစ်တမ်းများက ဖော်ပြခဲ့ကြသည်။

(၂၀၀၈) ခုနှစ် ဇွန်လမှ စတင်ခဲ့သော Download ပမာဏသည် ဇွန်လ (၃၁)ရက်နေ့ ကုန်ဆုံးချိန်တွင် (၁၀၀၀၁၂၂၀၅၇) ကြိမ် ရှိခဲ့ပြီး Download လုပ်သူ အရေအတွက်မှာ မရပ်မနား တိုးပွားနေဆဲ ဖြစ်သည်။ (၂၀၀၈) ခုနှစ်က ကမာ္ဘတဝှမ်း Firefox သုံးစွဲသူ သန်း(၃၀၀)မျှ ရှိခဲ့ပြီး (၂၀၀၇)ခုနှစ် ကမူ (၁၇၅)သန်း မျှသာ ရှိခဲ့သောကြောင့် တနှစ်အတွင်း တိုးတက်မှုမှာ သိသာ ထင်ရှားလှကြောင်း တွေ့နိုင်သည်။

Firefox ၏ ပြိုင်ဘက်များအနက် အထင်ရှားဆုံးဖြစ်သော Microsoft ၏ Internet Explorer မှာမူ အသုံးပြုသူ သန်း(၂၀၀)မျှသာ ရှိတော့သဖြင့် Firefox က (၅)ဆမျှ အသာစီး ရနေသည်။ Mozilla က ယခုကဲ့သို့ Download ပြုလုပ်မှု အလွန် များပြားခြင်းမှာ Firefox Browser ၏ အားသာချက်များကို စိတ်ဝင်စားကြ သဖြင့် ဖြစ်နိုင်ကြောင်း သိရှိရသည်။

Internet Explorer သည် ယခင်က Web Browser လောကတွင် ထိပ်ဆုံးမှ ရပ်တည် နိုင်ခဲ့သော်လည်း Error များလွန်းသဖြင့် Firefox ၏ ဖြတ်ကျော်မှုကို နေရာ ဖယ်ပေးလိုက်ရကြောင်း လေ့လာသူများက သုံးသပ် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here