အနုပညာ လောကမှ ဘရက်ပစ် အနားယူဖွယ် ရှိနေ

alt

နာမည်ကျော် ဟောလီးဝုဒ် င်းသား ဘရက်ပစ်က ၎င်းသည် အနုပညာ လောကမှ အနားယူဖွယ် ရှိနေကြောင်း အရိပ်အမြွက် ပြောဆိုလိုက်သည်။

အိန်ဂျယ်လီနာ ဂျိုလီ နှင့် သားသမီး (၆)ဦး ရထားသည့် ပစ်က ၎င်းသည် သက်တမ်းတလျှောက် ကောင်းမွန်သော လုပ်ဆောင်မှုများ ချန်ထားခဲ့ပြီး နောက် လက်ရှိ အလုပ်အကိုင်ကို စွန့်လွှတ်ရန် စိတ်ကူးနေမိကြောင်း ပြောကြား သွားခဲ့သည်။

သရုပ်ဆောင်ခြင်းသည် ငယ်ရွယ်သူ တဦးအတွက် ရူးသွပ် စွဲလန်းစရာ ဖြစ်နိုင်သော်လည်း အသက်(၄၅)နှစ် အရွယ်တွင်မူ ကွဲလွဲမှုများ ရှိနေကြောင်း ပစ် က ဆိုသည်။ တစထက် တစ အသက်ကြီး လာချိန်တွင် ဘဝကို အချုပ်အနှောင် မရှိဘဲ သက်တောင့်သက်သာ ဖြတ်သန်းလိုကြောင်း ပစ်က ပြောကြားခဲ့သည်။

ထို့အပြင် ကလေးများ အတွက် အချိန်ပို ပေးလိုသော ဆန္ဒလည်းရှိကြောင်း ပစ် ကဆိုသည်။ လက်တလောတွင် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ အလျင်စလို ချမှတ်မည် မဟုတ်သော်လည်း ကိစ္စအဝဝကို ညှိနှိုင်း ဖြေရှင်းနိုင်ပါက ၎င်း အနားယူရေးသည် အကောင်အထည် ပေါ်လာနိုင်ကြောင်း မင်းသားက ဝန်ခံခဲ့သည်။

ပစ် နှင့် တွဲနေသော ဂျိုလီကလည်း ယခုနှစ် အစောပိုင်းက ထိုသို့သော စကားမျိုး ပြောကြားခဲ့သေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here