ပျောက်ဆုံးသွားသည့် အင်ဒိုနီးရှား လေယာဉ် သဲလွန်စ မတွေ့ရသေး

alt

ပျက်ကျ သွားသည်ဟု ယူဆရသော အင်ဒိုနီးရှား လေယာဉ်နှင့် ပတ်သက်ပြီး တစုံတရာ သဲလွန်စ မရသေးကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောကြား လိုက်သည်။

အရှေ့ဘက် ပါပူအာဒေသ တောင်ထူထပ်ရာ နေရာတွင် အဆက်အသွယ် ပြတ်သွားသည့် လေယာဉ်နှင့်အတူ လိုက်ပါသွားသူ (၁၆)ဦး စလုံး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း အာဏာပိုင်များက ဩဂုတ်လ (၃)ရက် နေ့က ကြေညာခဲ့သည်။

ထို လေယာဉ်သည် မာပက်တီ လေကြောင်းပိုင် လေယာဉ် တစင်းဖြစ်ပြီး ဂျာယာပူရာမှ အော့ဆီဘီသို့ ဦးတည်ပျံသန်းကာ ဩဂုတ်လ (၂)ရက် နေ့က ပျောက်ဆုံး သွားခြင်း ဖြစ်သည်။ ရှာဖွေရေး အဖွဲ့များက ကီရွမ် နှင့် ပန်ဂန်နန်ဂန် ဒေသများသို့ အဓိက အာရုံစိုက် ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

ထိုနေရာသည် တောင်စွန်းတောင်စွယ် ပေါများပြီး တောလည်း အလွန်ထူသည့် ဒေသဖြစ်သည်။ ထိုစဉ် လေယာဉ်သည် ရာသီဥတု မကောင်းသဖြင့် တိမ်များ အောက်ဘက်မှ ပျံသန်းနေရင်း အဆက်အသွယ် ပြတ်တောက် သွားခြင်းဖြစ်ပြီး ထိုနေ့က မြူများ ထူထပ်ကာ မိုးရွာနေကြောင်း သိရှိရသည်။

လေယာဉ်တွင် ပါသွားသည့် ခရီးသည် (၁၃)ဦး နှင့် အမှုထမ်း (၃)ဦး တို့၏ အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေရဆဲဟု တာဝန် ရှိသူများက ဝန်ခံ ပြောဆို လိုက်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here