နိုင်ဂျီးရီးယား စစ်သွေးကြွ ခေါင်းဆောင် သေဆုံးပြီဟု ကြေညာ

alt

စစ်သွေးကြွ အကြမ်းဖက် သမားများ၏ ခေါင်းဆောင်မှာ သေဆုံးသွားပြီ ဖြစ်ကြောင်း နိုက်ဂျီးရီးယား အာဏာပိုင်များက ကြေညာခဲ့သည်။

ဘိုကိုဟာရမ် မွတ်ဆလင် အကြမ်းဖက် အဖွဲ့၏ ခေါင်းဆောင် ဖြစ်သော မိုဟာမက် ယူဆွတ်သည် ဇူလိုင်လ (၃၀)ရက် နေ့က နိုက်ဂျီးရီးယား စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားစဉ် ပစ်သတ် ခံခဲ့ရကြောင်း သိရှိရသည်။

၎င်းသည် နိုက်ဂျီးရီးယား မြောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူ အမြောက်အမြားကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှုများ ဦးဆောင် ဆင်နွှဲခဲ့သူလည်း ဖြစ်သည်။ ယူဆွတ်မှာ အမှန်တကယ် သေဆုံးပြီ ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ ရဲဌာနတွင် ၎င်း၏ ရုပ်အလောင်းကို လာရောက် ကြည့်ရှုနိုင်ကြောင်း မြောက်ပိုင်းရှိ မိုင်ဒူဂူရီမြို့ ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် အစ်ဆာအာဇာရီက ပြောကြားခဲ့သည်။

ယူဆွတ် သေဆုံးကြောင်း ကြေညာချက်သည် လူပေါင်း(၁၈၀)မျှ အနည်းဆုံး သေဆုံးပြီး လူထောင်နှင့်ချီ နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည့် တိုက်ပွဲများ အပြီး ပေါ်ထွက် လာခြင်းဖြစ်သည်။

ဘိုကိုဟာရမ် တို့သည် နိုင်ငံအတွင်း ခရစ်ယာန် သာသနာ ပြန့်နှံ့လာခြင်းကို မကျေနပ်ဘဲ မွတ်ဆလင် ဘာသာရေး၏ စည်းမျဉ်းများအား ဆက်လက် တည်မြဲနေစေရေး အတွက် အစိုးရအား ဆန့်ကျင ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here