အာရှတိုက်၏ နိုဘယ်ဆုအား မြန်မာမှ ထပ်မံရရှိ

alt

အာရှတိုက် ၏ နိုဘယ်ဆုဟု တင်စား ခံရသည့် ရေမွန် မာဂါဆေးဆေး ဆုအား မြန်မာနိုင်ငံ မှ ကရင်အမျိုးသား ကစောဝါး က ထပ်မံ ရရှိကြောင်း ဖိလစ်ပိုင် အခြေစိုက် ဆုရွေးချယ်ရေး အဖွဲ့က ကြေညာ လိုက်သည်။

ကရင် အမျိုးသား ကစောဝါး သည် Earth Rights International အား စတင် တည်ထောင်သူများ ထဲမှတဦး ဖြစ်ကာ၊ ကစောဝါး၏ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဒီမိုကရေစီ အရေးများ အတွက် ကြောက်ရွံ့မှု ကင်းမဲ့ကာ အကြမ်းမဖက်ဘဲ မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်မှုများ အား အသိအမှတ်ပြုခြင်း အတွက် ရွေးချယ်ခြင်း ဖြစ်ကြောင်း ရေးသား ပါရှိသည်။

၂၀၀၂ ခုနှစ်တွင် ကရင်အမျိုးသမီး တဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင် အား ရေမွန် မာဂါဆေးဆေး ဆု ပေးအပ်ခြင်း ခံရဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here