လိင်မှုဘဝကို ဖွင့်ချခဲ့သည့် ဆော်ဒီမင်းသား အိမ်တွင်း အောင်းနေရ

alt

ဆော်ဒီ အာရေးဘီးယား တနိုင်ငံလုံးကို ထိတ်လန့် မင်သက် သွားစေသော မာဇန် အက်ဘ်ဒူ ဂျာဝတ်သည် ယခုအခါ အိမ်တွင်း အောင်းနေရကြောင်း သိရှိ ရသည်။

အသက် (၃၂)နှစ်ရှိ မာဇန်သည် ကလေး (၄)ယောက် ရပြီးနောက် မယားဖြစ်သူနှင့် ကွာရှင်းထားပြီး ၎င်း၏ အိမ်ထောင်ရေး ကာလအတွင်း လင်မယားချင်း ဆက်ဆံသော ကိစ္စများကို ရုပ်မြင်သံကြား မှတဆင့် ခရေစေ့ တွင်းကျ ပြောပြခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော (၂)ပါတ်က ဆော်ဒီဘီလျံနာ အိမ်ရှေ့မင်းသာ အယ်ဝယ်လိ ဘင်တာလာ ပိုင်ဆိုင်သော လက်ဘနွန် ရုပ်မြင်သံကြား LBC မှတဆင့် ၎င်း၏ လိင်မှုဘဝကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည့် မာဇန်မှာ အစ္စလာမ် ဘာသာရေးကို အထွတ်အထိပ် ကျင့်သုံးနေသည့် ဆော်ဒီကဲ့သို့ နိုင်ငံအတွက် လက်မခံ နိုင်စရာ ဖြစ်နေ ခဲ့ရသည်။

၎င်းက အခန်းထဲတွင် ဇနီးသည်နှင့် ဖြစ်ချင်တိုင်း ဖြစ်ခဲ့ကြောင်း မေးမြန်းခန်း တခုတွင် ပြောဆိုသွားခဲ့ပြီး LBC ကို ဆော်ဒီနိုင်ငံမှလည်း ဂြိုဟ်တုဖြင့် ဖမ်းယူ ကြည့်ရှုနိုင်ရာ မာဇန် အား ရှုတ်ချမှုများ ပေါ်ပေါက်လာ သဖြင့် အိမ်ထဲတွင် ပုန်းနေရခြင်း ဖြစ်သည်။

၎င်း၏ ပြောစကားများကို အင်တာနက် Video Sharing ဝဘ်ဆိုဒ် YouTube တွင် ပြသခဲ့ရာတွင်လည်း ဝင်ရောက် ကြည့်ရှုမှု အကြိမ် အရေအတွက် (၅)သိန်း ကျော်သွားခဲ့ပြီ ဖြစ်သည်။ မာဇန် ကမူ ထို စကားများအတွက် မိမိကိုယ်ကိုယ် မှားသည်ဟု မထင်ကြောင်း ထပ်မံ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here