ဂျပန် အလုပ်လက်မဲ့ဦးရေ အမြင့်ဆုံး ရောက်ရှိ

alt

ဂျပန်၏ အလုပ် လက်မဲ့ဦးရေသည် (၆)နှစ် အတွင်း အမြင့်ဆုံးသို့ ရောက်လာကြောင်း ဇွန်လ အထိ ကောက်ခံထားသည့် စစ်တမ်းများက ဖော်ပြလျှက် ရှိသည်။

ထို အခြေအနေသည် နိုင်ငံအတွင်း စီးပွားရေး ကျဆင်းနေမှုနှင့် လုပ်ငန်း အသေးစားများ ရပ်ဆိုင်းလိုက်ရမှု တိုးများ လာခြင်းအား မတားဆီး နိုင်သေးမှု၏ အထောက်အထားလည်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

အလုပ်ပြုတ်သူ အရေအတွက် ပွားများမှုသည် (၅.၄) ရာခိုင်နှုန်း အထိ တိုးလာသည့် အတွက် တာဝန်ရှိသူများ ဗျာများ နေရသည်။ အထူးသဖြင့် တိုကျိုတွင် အလုပ်ပြုတ်မှု ပိုများ နေကြောင်းလည်း သိရှိရပြီး ထို့အပြင် ဂျပန်နိုင်ငံရှိ ၀ယ်ယူစားသုံးမှု အခြေအနေသည် စံချိန်တင် ကျဆင်း သွားကြောင်းလည်း စစ်တမ်းများက ဆိုသည်။

စီးပွား ပျက်ကပ်ကြောင့် ငွေကြေးချွေတာမှု တိုးပွားလာက ဈေးဝယ် ယူမှုနှုန်းသည် (၁.၇) ရာခိုင်နှုန်း အထိ ထိုးဆင်းသွားကြောင်း သီးသန့်စီ ကောက်ခံထားသော စစ်တမ်းများတွင် တွေ့ရှိနိုင်သည်။ စီးပွားရေး ပညာရှင်များ ကမူ ဂျပန်၏ အလုပ်လက်မဲ့ တိုးပွားမှုသည် (၅.၈) ရာခိုင်နှုန်း အထိ အရှိန်အဟုန် မြင့်တက် လာဦးမည်ဟု ခန့်မှန်းထားကြသည်။

တိုကျိုမြို့ အခြေစိုက် Daiwa SB  ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လီမိတက်၏ စီးပွားရေး ပညာရှင်် အကြီးအကဲ ယာဆူဟီရို အိုကွန်ဒို က ဂျပန်စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရေး အတွက် အလုပ်လက်မဲ့ ပြဿနာသည် အတားအဆီးကြီး တခု ဖြစ်လာနေကြောင်း ဝန်ခ ံပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here