မတ်ဗီဒူကာ အား ပို့(စ်)မောက် စိတ်ဝင်စားနေ

alt

ပို့စ်မောက် အသင်းသည် နယူးကာဆယ် ယူနိုက်တက်မှ ထွက်ခွာ လာခဲ့ပြီးနောက် ကလပ် အသင်းလက်မဲ့ ဖြစ်နေသော ဩစတြေးလျ လက်ရွေးစင် တိုက်စစ်မှူး မတ်ဗီဒူကာ အား စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ပို့စ်မောက်သည် အဓိက တိုက်စစ်မှူး ပီတာခရော့အား တော့တင်ဟမ်သို့ ရောင်းချ လိုက်ပြီးနောက် ခရိုအေးရှား တိုက်စစ်မှူး နစ်ကိုလာ ကာလီနစ်အား ပေါင်(၅.၅) သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း အဆင်မပြေ ဖြစ်ခဲ့ရပြီးနောက် ဗီဒူကာ ဘက်သို့ ဦးလှည့် လာခြင်းဖြစ်သည်။

အသက် (၃၃)နှစ် ရှိပြီဖြစ်သော ဗီဒူကာသည် ဟူးစီးတီး နှင့်လည်း ဆက်သွယ်မှုများ ရှိနေပြီး ပို့စ်မောက်က ကြားဝင်လာခြင်း ဖြစ်သည်။ ပို့စ်မောက်သည် လီဗာပူး၏ ခံစစ်မှူးဟောင်း စတိဖင်နန်ကို တစ်နှစ် စာချုပ်ဖြင့်လည်း ခေါ်ယူခဲ့ပြီး ဖြစ်သည်။

ဗီဒူကာ၏ အေးဂျင့်က ပွမ်ပေ အခြေစိုက် အသင်းက စိတ်ဝင်စားနေမှုကို ကြိုဆိုခဲ့ပြီး ဗီဒူကာ အနေနှင့် လောလောဆယ် မည်သည့် အသင်းကို ရွေးချယ်ရမည် မဆုံးဖြတ် နိုင်သေးကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here