ရုရှားနိုင်ငံမှ ဂြိုလ်တုများ လွှတ်တင်ဟု ကြေညာ

alt

ဇူလိုင်လ (၂၉)ရက် နေ့က ဂြိုဟ်တု (၆)လုံးကို အာကာသ အတွင်းသို့ အောင်မြင်စွာ လွှတ်တင် လိုက်ကြောင်း ရုရှား ပြည်ထောင်စု အာကာသ အေဂျင်စီက ကြေညာခဲ့သည်။

ထိုဂြိုဟ်တု (၆)လုံးကို ဒုံးပျံ တစင်းက သယ်ဆောင် သွားပြီး ဘိုင်ကိုနား အာကာသ လေ့လာရေး စခန်းမှ ပျံတက် သွားခြင်းဖြစ်သည်။ ကာဇက်စတန် နိုင်ငံ အလယ်ပိုင်းရှိ စခန်းမှ လွှတ်တင် လိုက်သော ဒုံးပျံသည် ရည်မှန်းချက် အတိုင်း အောင်မြင်စွာ ကမာ္ဘပတ် လမ်းထဲ ရောက်ရှိသွားပြီ ဖြစ်သည်။

သယ်ဆောင်သွားသော ဂြိုဟ်တုများသည် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုရန် ဖြစ်ပြီး အာရပ်စော်ဘွားများ နိုင်ငံ၊ စပိန်၊ အမေရိကန် နှင့် ဗြိတိန် တို့မှ ဂြိုဟ်တုများ ပါဝင်ကာ ယခု လွှတ်တင်လိုက်သော ဒုံးပျံသည် စုစုပေါင်း အလေးချိန် (၃.၇)တန် အထိ သယ်ဆောင်နိုင်ပြီး အမြင့်ပေ ကီလိုမီတာ (၃၀၀)မှ (၉၀၀)အထိ ရောက်အောင် ပျံသန်းနိုင်ကြောင်း ရုရှား သတင်းဌာနက အီတာတက်စ်က ကြေညာသည်။

ဒုံးပျံသည် ကမာ္ဘပတ်လမ်း အတွင်း (၃)ဆင့်ကွဲ ထွက်ပြီး ဂြိုဟ်တုများကို တသီးတခြားစီ နေရာချ ပေးနိုင်ခဲ့ကြောင်း ရုရှားပညာရှင်များက အတည်ပြု ပြောဆိုသွားခဲ့ပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here