ကုလသမဂ္ဂ၏ ကလေးငယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကျိုးမဖြစ်ထွန်း ဟုဆို

alt

ကုလသမဂ္ဂ သည် ပြီးခဲ့သော နှစ်ပိုင်းများ အတွင်းက ကမာ္ဘတလွှားရှိ ကလေးများ၏ ဘဝ သာယာမြင့်မားရေး ရည်ရွယ်ချက်ဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ သုံးစွဲ ခဲ့သော်လည်း အမှန်တကယ် အကျိုး ဖြစ်ထွန်းခြင်း မရှိကြောင်း လေ့လာမှု စစ်တမ်း အသစ်တရပ်က ဖော်ပြ ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် ကဲ့သို့ ကမာ္ဘ့ အဆင်းရဲဆုံး နိုင်ငံတခု တွင်သာ ယခု စီမံကိန်းမှာ သက်ရောက်မှု အလွန် နည်းပါးရုံသာ ရှိခဲ့ကြောင်း လေ့လာသူ များကဆိုသည်။ (၁၉၉၇) ခုနှစ်မှ စတင်ပြီး နိုင်ငံပေါင်း (၁၀၀)ကျော် တွင် အကောင်အထည် ဖော်ခဲ့သည့် ကလေးဘဝ ကျန်းမာ ပျော်ရွှင်ရေး စီမံခန့်ခွဲမှု အစီအစဉ်သည် အမှန် တကယ်တွင် အကျိုးမရှိကြောင်း ကမာ္ဘ့ အဆင်းရဲဆုံး နိုင်ငံများတွင် (၅)နှစ်အောက် ကလေး သေဆုံးမှု ပမာဏ မြင့်မား နေဆဲဖြစ်ခြင်းက သက်သေပြ ဆိုနေသည်။

စစ်တမ်းများ အရ ကမာ္ဘ့ အဆင်းရဲဆုံး နိုင်ငံများရှိ (၅)နှစ်အောက် ကလေးများ၏ (၇၀)ရာခိုင်နှုန်း အထက်သည် နမိုးနီးယား ရောဂါ၊ အစာရေစာ ပြတ်လတ်ခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်း စသည့် အခြေအနေများဖြင့် သေဆုံးနေပြီး ဘင်္ဂလားဒေ့ရှ်သာ အနည်းငယ် တိုးတက်လာကြောင်း လေ့လာသူ များက အတည်ပြုခဲ့သည်။

ထိုစီမံကိန်းကို ကုလသမဂ္ဂ လက်အောက်ခံ ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ နှင့် UNICEF တို့က ပူးပေါင်း ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ ကမာ္ဘအနှံ့ ကလေးများ သေဆုံးမှု အခြေအနေကို စနစ်တကျ စစ်တမ်း ကောက်ခံခဲ့သော နိုင်ငံတကာ ဆက်သွယ်မှု မူဝါဒအဖွဲ့ ဒါရိုက်တာ ဖိလစ်စတီဗန် က ယခု ညွှန်းဆိုသော ကိန်းဂဏန်း များသည် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုမှာ ရည်ရွယ််ချက်အရ ကောင်းမွန်သော်လည်း မော်ကွန်းတင် လောက်စရာ ရလဒ ်ကောင်းမျိုး ထွက်ပေါ် မလာသည့် အတွက် ဝမ်းနည်းစရာ ဖြစ်ကြောင်း သုံးသပ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here