မြန်မာ စစ်အစိုးရ ၂၀၁၄ တွင် အနုမြူဗုံး ပိုင်ဆိုင်ပြီဟု ဆို

alt

မြောက်ကိုရီးယား၊ ရုရှား နိုင်ငံ တို့နှင့် ယခုနှစ်ပိုင်း အတွင်း အထူးတလည် ခပ်စိတ်စိတ် ဆက်ဆံနေသော မြန်မာ စစ်အစိုးရသည်၊ ၂၀၁၄ ခုနှစ်တွင် နျူကလီးယား ဗုံးတလုံး လက်ဝယ် ပိုင်ဆိုင် လာနိုင်ကြောင်း

ဘန်ကောက် ပို့(စ်) သတင်းစာနှင့် ဩစတြေလျား နိုင်ငံထုတ် ဆစ်ဒနီ မောနင်းဟာရယ် သတင်းစာ များက ထုတ်ဖေါ် ရေးသား လိုက်ကြသည်။

ထိုင်းမြန်မာ အခြေစိုက်ကာ မြန်မာ့ နျူကလီယားအရေး လေ့လာသူ နှင့် ဒေသတွင်း လုံခြံုမှုရေးရာ ကျွမ်းကျင်သူ ဩစတြေလျ အမျိုးသား တက္ကသိုလ်မှ ဒက်စမွန် ဘော (Desmond Ball) ဆိုသူနှင့် ဩစတြေလျ ဂျာနယ်လစ် တဦး ဖြစ်သူ ဖီလ်သွန်တန် (Phil Thornton)ဆိုသူတို့ ၂နှစ် အကြာလေ့လာမှု များကို အခြေခံ၍ ထိုသို့ ထုတ်ပြန်ရေးသားရခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ထိုသတင်းအား ထိုလုပ်ငန်းမှ ဘက်ပြောင်းလာသော တပ်မတော် အရာရှိတဦးနှင့် ကုန်သွယ်မှု ကုမ္မဏီတခုမှ စာရင်းမှတ်တမ်းများ ထိမ်းသိမ်းရသော အရပ်သားတဦးတို့ ထံမှ သိရှိရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယူရေနီယမ် ထွက်ရှိသောနေရာ ၁၀ ခုရှိကြောင်း၊ ၂ နေရာမှသာ နျူကလီယားဗုံး လက်နက် ထုတ်လုပ်ရာ၌ အသုံးပြုနိုင်သော ယူရေနီယမ် သန့်စင်နိုင်သည့် “yellowcake,” ထုတ်ယူ ရရှိနိုင်ကြောင်း ဖေါ်ပြထားပြီး၊ နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်းရှိသော ကုန်ကြမ်းများရှိပြီ ဖြစ်သော်လည်း ဗုံး ထုတ်လုပ်ရန်တွင် ပလူတိုနီယမ် ပြန်လည်သန့်စင် ထုတ်ယူမှုအတွက် လိုအပ်နေဆဲ ဖြစ်သည်။

ထို ဗုံးထုတ်လုပ်ရာ ဒေသမှာ မြန်မာပြည်အလယ်ပိုင်း၊ နောင်လိုင်(Naung Laing) ကျေးရွာစု၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းတွင် ဖြစ်ပြီး၊ ပလူတိုနီယမ် ပြန်လည်သန့်စင် ပြုပြင် ထုတ်လုပ်မှုအတွက် ရုရှား နည်းပညာရှင်များနှင့် လေ့လာ သင်ကြားလျှက် ရှိသည်ဟု ဘက်ပြောင်းလာသော စစ်အရာရှိ မိုးကြိုး ဆိုသူမှ ထုတ်ဖေါ် ပြောဆိုလိုက်သည်။ ထိုဒေသမှာ ၂၀၀၇ ခုနှစ် မေလတွင် ရုရှားနိုင်ငံနှင့် မြန်မာ စစ်အစိုးရတို့ အနုမြူစွမ်းအင် စာချုပ် ချုပ်ဆိုအပြီးတွင် ယူရေနီယမ်နှင့် လျှပ်စစ်စွမ်းအား ၁၀ မီဂါ၀ပ် ထုတ်လုပ်မည့် နေရာ ဖြစ်သည်ဟု ဆိုသည်။

နောက် တဦးမှာ ထူးထရေးဒင်း ကုမ္မဏီမှ အရပ်သား ကုမ္မဏီအလုပ်သမား တဦး တင်မင်း ဆိုသူ ဖြစ်ပြီး ရေဒီယို အိုင်ဆိုတုတ် ဓါတ်ရောင်ခြည်သင့်ကာ ဆေးဝါးကုသမှု ခံယူနေသူတဦး ဖြစ်သည်။ ထူးထရေးဒင်း ကုမ္မဏီ၏ ပိုင်ရှင် ဦးတေဇမှာ မြန်မာ စစ်အစိုးရနှင့် အထူးနီးကပ်စွာ ဆက်ဆံနေသူ ဖြစ်ပြီး ယခု ကိစ္စတွင်လည်း သန့်စင်ပြီး ပလူတိုနီယမ် yellowcake များအား မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံများသို့ လက်ပြောင်းလက်လွှဲ ပြုလုပ်နေသူတဦး ဖြစ်ကြောင်း ထိုဖေါ်ပြချက် များတွင် ရေးသား ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here