စပိန်နိုင်ငံတွင် ကားဗုံး ပေါက်ကွဲမှုဖြစ်ပွား

alt

စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ကားဗုံး ပေါက်ကွဲမှုကြောင့် လူအတော်များများ ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။

ဇူလိုင်လ (၂၉)ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတွင် လူ(၅၆)ဦးမျှ အနည်းဆုံး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ ရဲဌာနက ဆိုသည်။ မြောက်ပိုင်းရှိ အချက်အချာ မြို့တမြို့ဖြစ်သော ဘာဂိုးရှိ ရဲစခန်းတခုအနီး ပေါက်ကွဲခဲ့သော ကားဗုံးအတွက် ရဲဌာနက ETA အကြမ်းဖက် ခွဲထွက်ရေး အဖွဲ့များအား ပြစ်တင် ပြောကြား ထားခဲ့သည်။

ဒဏ်ရာ ရသူများတွင် ရဲတပ်ဖွဲ့ဝင် များနှင့် ၎င်းတို့၏ မိသားစုဝင်များပါ ပါရှိခဲ့သည်။ ထို့အပြင် ဒဏ်ရာရ စာရင်းအတွင်း ကလေး(၆)ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်မှု မရှိကြောင်းလည်း သိရှိရသည်။ ဗုံးကွဲမှုကြောင့် မော်တော်ကားသည် လေထဲတွင် လွင့်ပျံလာပြီး ရဲစခန်းရှိ မှန်များနှင့် အနီးဝန်းကျင် အိမ်များမှ မှန်များကို ကွဲကြေပျက်စီး သွားစေကြောင်း မျက်မြင်များက ပြောကြားခဲ့ကြသည်။

မော်တော်ကား နှင့် ထိခိုက် မိခြင်းကြောင့် အနီးရှိ အုတ်တိုက်တွင် အပေါက်ကြီးတခု ဖြစ်သွားခဲ့ကြောင်း စပိန်အမျိုးသား ရုပ်မြင်သံကြား ဌာနက ရိုက်ကူး ပြသခဲ့သည်။ ETA သည် အမေရိကန် နှင့် ဥရောပ ယူနီယံ တို့က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားခြင်း ခံရပြီး ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း ၎င်းတို့ လက်ချက်ကြောင့်ဟု ယူဆရသော အကြမ်းဖက်မှုများ အတွင်း သေဆုံးသူ (၈၂၅)ဦး ထက်မနည်း ရှိခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here