အီတလီ ဝန်ကြီးချုပ် ခြေရှုပ်ခဲ့သမျှ နောက်ဆက်တွဲ

alt

အီတလီ ဝန်ကြီးချုပ် ဆီဗီယို ဘာလူ စကိုနီအား ရည်စူးသည့့် I Love Silvio အမည်ရှိ ပါတီပွဲသို့ ဘာလူစကိုနီ နှင့် အတူအိပ်ခဲ့ကြောင်း ဝန်ခံထားသည့် ကြေးစား အမျိုးသမီးကို ဖိတ်ကြား ထားကြောင်း ပွဲစီစဉ်သူ များက ဆိုသည်။

ထိုပွဲကို ပဲရစ်မြို့ရှိ နိုက်ကလပ် တခုတွင် ကျင်းပမည် ဖြစ်ပြီး အသက်(၄၂)နှစ် အရွယ် ပက်ထရစ်ဇီယာ ဒီအာဒရေနို သည် ဂုဏ်ထူးဆောင် ဧည့်သည် ဖြစ်လာမည်ဟု သိရှိရသည်။ ဝန်ကြီးချုပ် ဘာလူ စကိုနီသည် ပက်ထရစ်ဇီယာ အား ပျော်ပါးရန် အခကြေးငွေ ပေးခဲ့ခြင်း မရှိဟု ငြင်းဆန် ထားသော်လည်း ပက်ထရစ်ဇီယာ က ဝန်ကြီးချုပ်မှာ သူတော်စင်တဦး မဟုတ်ပါဟု ပြက်ရယ်ပြု တုန့်ပြန် ပြောဆိုလိုက်သည်။

ထို အမျိုးသမီးသည် ပဲရစ်မြို့လည်ရှိ လီဂိုဘို နိုက်ကလပ် ကပွဲ ခန်းမအတွင်း ဇူလိုင်လ (၃၁)ရက် နေ့တွင် ကျင်းပမည့် ပါတီပွဲသို့ တက်ရောက်ရန် သဘောတူ ထားကြောင်း နိုက်ကလပ်မှ စည်းရုံးရေးမှူး ဘင်ဂျမင်ပါတူ က ထုတ်ဖေါ် ပြောကြားခဲ့သည်။ ထိုပွဲသို့ တက်ရောက် လာသူများသည် ဘာလူစကိုနီ၏ ပုံပါသော မျက်နှာဖုံးများ နှင့် ၎င်း ပိုင်ဆိုင်သော ဘောလုံးကလပ် အသင်းဖြစ်သော အေစီမီလန်၏ ဝတ်စုံများကို ဝတ်ဆင် လာရမည် ဖြစ်သည်။

လီဂိုဘို နိုက်ကလပ်သည် (၁၈၉၅)ခုနှစ် စတင် ဖွင့်လှစ်ချိန် ကတည်းက နှစ်လိုဖွယ် ကောင်းပြီး မိတ်ဆွေ အပေါင်းအသင်း တိုးပွားစေသည့် နေရာတခုအဖြစ် ကျော်ကြားနေခဲ့ပြီး ယခုကဲ့သို့ ပါတီပွဲများလည်း ကျင်းပလေ့ရှိသည်။ ဘာလူစကိုနီ နှင့် ပက်ထရစ်ဇီယာ တို့ကြား ဇာတ်လမ်းသည် အများအတွက် စိတ်ဝင်စားစရာ ဖြစ်နေပြီး ဘာလူ စကိုနီ အတွက် ရည်စူးသော ထိုပွဲတွင် ပက်ထရစ်ဇီယာ ပါလာခြင်းဖြင့် ပိုမို စိုပြေလာမည် ဖြစ်ကြောင်း စီစဉ်သူ ပါတူ က ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here