တောင်ကိုရီးယား သင်္ဘောကို မကြာမီ ပြန်လွှတ်မည် မျှော်လင့်

alt

ဖမ်းဆီး ထားသော ငါးဖမ်းသင်္ဘောကို မြောက်ကိုရီးယားက မကြာမီ ပြန်လွှတ် ပေးမည်ဟု မျှော်လင့်မိကြောင်း တောင် ကိုရီးယား အာဏာပိုင် များက ထုတ်ဖော် ပြောဆို လိုက်ကြသည်။

မြောက်ကိုရီးယား ရေပြင် အတွင်းသို့ လမ်းမှား ဝင်ရောက် သွားသည့် သင်္ဘောတွင် လိုက်ပါသွားသူ (၄)ဦး၏ အခြေအနေ အသေးစိတ်ကို မသိရ သေးသော်လည်း မြောက်ပိုင်းရှိ ကွန်မြူနစ်နိုင်ငံ အစိုးရထံ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း တောင်ကိုရီးယား က ကြေညာ လိုက်သည်။

မြောက်ကိုရီးယား ရေတပ် အာဏာပိုင်များက ဇူလိုင်လ (၃၁)ရက် နေ့ နံနက် အစောပိုင်းတွင် ထိုသင်္ဘော၏ အခြေအနေ အတွက် တစုံတရာ ပြောဆိုလိုခြင်း မရှိဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း တောင်ကိုရီးယား ကမူ အကောင်းမြင် မျှော်လင့် နေဆဲဖြစ်သည်။

ယခု ပြဿနာသည် အလွန်တရာ မကြီးမား လှသော်လည်း ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးသည်ထက် ဆိုးသွားနိုင်သဖြင့် ဒေသတွင်း မတည်ငြိမ်မှုသို့ ဦးတည် လာနိုင်ကြောင်း တောင်ကိုရီးယားက ဆိုသည်။ (၂၉)တန် အလေးချိန် ရှိသော ထိုသင်္ဘောသည် အရှေ့ ပင်လယ်တွင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက် နေစဉ်အတွင်း ရေပြင် နယ်နိမိတ်ကျော်ကာ မြောက်ကိုရီးယား ရေပိုင်နက်ထဲ ရောက်သွား သဖြင့် ဇူလိုင်လ (၃၀) ရက်နေ့ နံနက် အစောပိုင်းက မြောက်ကိုရီးယား ကမ်းခြေစောင့် တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here