အသင်းမှ ထွက်ခွာခွင့်ပြုရန် လီဗာပူး တာဝန်ရှိသူများအား အလွန်ဆို ပြော

alt

ဇာဘီ အလွန်ဆို ကိုယ်တိုင်က ၎င်းအား အသင်းမှ ထွက်ခွာ ခွင့်ပြုရန် လီဗာပူး အသင်း တာဝန်ရှိသူ များအား တောင်းဆို လိုက်ပြီ ဖြစ်သည်။

အသင်းမှ အယ်ဗာရိုး အယ်ဘီလွာ ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ သွားပြီးနောက် အလွန်ဆို ကလည်း ၎င်းနောက်သို့ လိုက်ပါ သွားလိုသည့် ဆန္ဒ ရှိနေခဲ့သည်။

စပိန် လက်ရွေးစင် အလွန်ဆို အတွက် ရီးရဲလ်က ယူရို (၂၈)သန်းဖြင့် ကမ်းလှမ်း ထားသော်လည်း လီဗာပူး က ယူရိူသန်း (၄၀)အထိ အလိုရှိ နေသဖြင့် လောလောဆယ် တွင် ညှိနှိုင်းမရ ဖြစ်နေဆဲ ဖြစ်သည်။

သို့သော်လည်း အလွန်ဆိုက ၎င်းအနေနှင့် ခရစ်စတီယာနို ရော်နာဒို၊ ရီကာဒို ကာကာ တို့နှင့် တွဲကစားခွင့် ရလိုကြောင်း ဝန်ခံ ထားလိုက်ပြီး အသင်း နှစ်သင်းသည် အပြောင်းအရွှေ့ အတွက် စကားပြော နေဆဲဖြစ်သော်လည်း အသက် (၂၈)နှစ် အရွယ် ကွင်းလယ်လူက မကြာမီတွင် ရီးရဲလ်၏ အဖြူရောင်ဂျာစီကို ဝတ်ဆင်ခွင့် ရရန် မျှော်လင့်လျှက် ရှိသည်။

သတင်းများ အရ အလွန်ဆို ထွက်ခွာသွားပါက လီဗာပူးသည် ဝီဂန်အသင်းမှ အင်္ဂလန်လူငယ် ကစားသမား လီကက်တာမိုး၊ ဟူးစီးတီးမှ မိုက်ကယ်တာနာ၊ ရိုးမားမှ အယ်ဘာတို အကွီလာနီနှင့် ဗလန်စီယာမှ ဒေးဗစ်ဆေးဗား အစရှိသော ကစားသမား များကို အစားထိုးဖွယ် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here