မိုက်ကယ်ဂျက်ဆင် လန်ဒန် O2 ဖျော်ဖြေပွဲအတွက် အစားထိုး ကျင်းပ ပေးမည်

alt

မိုက်ကယ်ဂျက်ဆင် ၏ မကျင်းပ ဖြစ်တော့ သော လန်ဒန်ဖျော်ဖြေပွဲ အတွက် ဝှစ်တနီ ဟူစတန် နှင့် ရော်ဘီဝီလျံ တို့အစား ထိုးဝင်ရောက်မည် ဟု သိရှိရသည်။

Pop ဂီတ ဘုရင်ကြီး ဂျက်ဆင်သည် ဇွန်လ (၂၅)ရက် နေ့က ကွယ်လွန် ခဲ့ပြီနောက် ၎င်း စီစဉ်ထားသော ဖျော်ဖြေပွဲများ အနက် နောက် နှစ်ဆန်းတွင် ကျင်းပမည့် ပွဲများ အတွက် ယခု အဆိုတော်(၂)ဦးက တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

O2 အားကစား ကွင်းကြီးတွင် ယခုလ အစောပိုင်းမှ စတင်ပြီး ဖျော်ဖြေမည် ဖြစ်သော်လည်း ဂျက်ဆင် ကွယ်လွန်သွား သဖြင့် ထိုပွဲအတွက် လက်မှတ်ဖိုးများကို ပွဲစီစဉ်သူ များက ပြန်အမ်း ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း နောက် နှစ်ဆန်းအတွက် ပွဲများကိုမူ အခြားသော အဆိုတော်များနှင့် အစားထိုး သွားမည်ဖြစ်ပြီး ဝှစ်တနီ သည် ယခု ကတည်းက ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ဆိုသည်။

ပွဲကျင်းပရေး တာဝန်ခံများက ရော်ဘီ နှင့် ဝှစ်တနီတို့ (၂၀၁၀) ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်လ များတွင် စင်ပေါ်သို့ ပြန်တက်ရန် သေချာနေကြောင်း ပြောကြား ခဲ့ကြပြီ ဖြစ်သည်။

ဝှစ်တနီ သည် မူးယစ်ဆေးဝါး ပြဿနာများမှ ပြန်လည် နိုးထလာပြီး နောက်ပိုင်း သူမ၏ ပထမဆုံး အယ်လ်ဘမ် I Look To You ကို ဩဂုတ်လ အတွင်း ဖြန့်ချီရန် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here