Tamiflu ဆေးဝါးများ ဘေးထွက် ဆိုးကျိုးရှိ

alt

H1N1 တုပ်ကွေးကို ကာကွယ် နိုင်သည်ဟု ယူဆ နေကြသည့် Tamiflu ဆေးဝါးသည် ဘေးထွက် ဆိုးကျိုးအချို့ ရှိနိုင်ကြောင်း သိရသည်။

အထူးသဖြင့် ထိုဆေးသည် ကလေးငယ် များတွင် အဆိုးဘက်မှ သက်ရောက်မှုများ ရှိနေကြောင်း ပညာရှင်များ က ဆိုသည်။

Tamiflu ဆေးဝါး သုံးစွဲပြီးနောက် ကလေးငယ် များသည် အိပ်မက်ဆိုးများ မက်ခြင်း၊ ကိုယ်လက် မအီမသာ နှင့် ပျို့အန်ခြင်း စသော လက္ခဏာများ ဖြစ်ပေါ်လာကြောင်း ဗြိတိန် ဆရာဝန်များ က ဆိုသည်။ ၎င်းတို့ သည် ကလေးများ Tamiflu ဆေးဝါးနှင့် ပတ်သက်ပြီး တုန့်ပြန်မှုကို နိုင်ငံအတွင်း စနစ်တကျ လေ့လာပြီး စာတမ်း(၂)စောင် ခွဲခြားပြုစုခဲ့ရာ ထိုဆေး သုံးစွဲထားသည့် ကလေးဦးရေ ထက်ဝက်ကျော်မှာ ထိုလက္ခဏာများ ပြသ လာကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

အမျိုးသား ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာနက ယခုသီတင်းပါတ် အကုန်တွင် ဆေးဝါးယူနစ် နောက်ထပ် (၁၅၀၀၀၀) ထပ်မံ ဖြန့်ဖြူးရန် ပြင်ဆင် ထားသော်လည်း ထိုဆေးသည် ကလေးများ မျက်စိကြောင်ခြင်း၊ အိပ်မပျော်စေခြင်းတို့ကို ဖြစ်စေသလို ကျောင်းပညာရေး တွင်လည်း စွမ်းဆောင်ရည် ကျဆင်းမှုများ ရှိစေနိုင်ကြောင်း လေ့လာသူများ က သတိ ပေးထားသည်။

အခြားသော လေ့လာမှုများတွင် TamiFlu သည် အသည်းကို ထိခိုက် စေနိုင်မည်ဟု ယုံကြည် နေသော်လည်း တိတိကျကျ သက်သေ ပြနိုင်ခြင်းမူ မရှိသေးပေ။ Tamiflu နှင့် ပတ်သက်သော လေ့လာမှု များအား ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု အေဂျင်စီမှ ပညာရှင်များ က အဖွဲ့ နှစ်ဖွဲ့ခွဲကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here