iPhone သည် Hacker များ၏ အဓိက ပစ်မှတ်ဖြစ်လာ

alt

iPhone သည် Hacker များ၏ အဓိက ပစ်မှတ် ဖြစ်လာနိုင်ကြောင်း လုံခြံုရေး ဆိုင်ရာ ကျွမ်းကျင်သူများ က သတိပေး လိုက်သည်။

Apple မှ ထုတ်လုပ်သော အဆိုပါ မိုဘိုင်းလ်ဖုန်း သည် အလွန်လူကြိုက် များလာ နေသဖြင့် Hacker များ အာရုံ ကျစရာ ဖြစ်လာပြီး ဆိုင်ဘာ ရာဇဝတ်မှုများ အတွက် ဆွဲဆောင်ရာ ဖြစ်လာမည်ကို ပညာရှင်များက စိုးရိမ် နေကြရသည်။

iPhone တွင် လုံခြံုရေးဆိုင်ရာ ချွတ်ယွင်းချက် တခု မကြာသေးမီက တွေ့ရှိထားရာ ထိုအချက်ကို အခွင့်ကောင်းယူပြီး Hacker များက အချက်အလက် ခိုးယူခြင်း အပါအဝင် အခြားသော ထိုးဖောက်မှုများ ပြုလုပ်လာနိုင်သည်။ ဂျာမနီနိုင်ငံ ဘာလင် နည်းပညာ တက္ကသိုလ် ရှိ Ph.D ကျောင်းသား ကောလင်းမူလီနာ က iPhone သည် ထို ချွတ်ယွင်းချက်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ပြင်ဆင်သင့်ကြောင်း တိုက်တွန်းထားသည်။

၎င်းသည် အလွတ်တန်း နည်းပညာ လုံခြံုရေး လေ့လာသူ ချာလီမစ်လာ နှင့် တွဲပြီး iPhone ၏ အားနည်းချက် များအား သုတေသန ပြုလုပ် ခဲ့သည်။ ၎င်းတို့၏ စမ်းသပ်မှုအရ အမှန်တကယ် ကျွမ်းကျင်သော Hacker တဦးသည် iPhone ပိုင်ရှင် တဦးထံမှ သက်ဆိုင်ရာ Network ကို အလွယ်တကူ လွှဲယူနိုင်ပြီး ဖုန်းပိုင်ရှင်အား ဖုန်းမခေါ်နိုင်အောင်၊ အင်တာနက် မသုံးနိုင်အောင် တားဆီး နိုင်ရုံမျှမကဘဲ ၎င်းတို့ အလိုရှိသော Text Message များကို အစားထိုး ပေးပို့ နိုင်ကြောင်း သိရသည်။

iPhone ၏ Text Message ကို အသုံးပြုပြီး နည်းပညာလုံခြံုရေး ပညာရှင် (၄၀၀၀) ကျော် တို့ကလည်း ကွန်ပျူတာ ကုတ်နံပါတ်များ ပေးပို့ကာ အားနည်းချက်များ ရှိနေကြောင်း ထောက်ပြခဲ့ပြီး ဖြစ်သည်။ ထိုကိစ္စအတွက် iPhone က တစုံတရာ တုန့်ပြန်ခြင်း မရှိ သေးသော်လည်း လေ့လာသူများက မကြာမီ အဆိုပါ ပြဿနာကို ဖြေရှင်း နိုင်မည့် Patch တခုခုကို Apple က ထုတ်ပေး မည်ဟု ခန့်မှန်း နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here