နိုက်ဂျီးရီးယား အကြမ်းဖက် သမားတို့ လက်မှ ဓားစားခံများ အား ကယ်တင်

alt

နိုက်ဂျီးရီးယား အကြမ်းဖက် သမားများ ဖမ်းဆီး ထားသည့် ဓားစာခံ အမျိုးသမီးနှင့် ကလေးငယ် (၁၈၀) ကို ရဲတပ်ဖွဲ့က ကယ်တင် နိုင်ခဲ့ ကြောင်း သိရသည်။

ဓားစာခံ များကို အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ ဘိုကိုဟာရမ် မှ လက်နက်ကိုင် များက ဖမ်းဆီး ထားခြင်း ဖြစ်သည်။ ရဲများက အကြမ်းဖက် သမားများသည် ဇူလိုင်လ (၂၆) ရက်နေ့ ကတည်းက ဘောင်ချိုင်တွင် ၎င်းတို့ အား ချုပ်နှောင် ထားခြင်း ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။

ဘောင်ချိုင် အား ဘိုကိုဟာရမ် တို့က ဦးတည် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၃၉)ဦး ထိုနေ့က သေဆုံး ခဲ့သည်။ ယခု ဓားစာခံများအား ကယ်ထုတ်ရန် ကြိုးပမ်းစဉ် အကြမ်းဖက်သမား များနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့သေးကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။

ဘိုကိုဟာရမ် တို့အား စစ်တပ်နှင့် ရဲများက လိုက်လံ ချေမှုန်းနေသော်လည်း အကြမ်းဖက် သမားများအား အပြီးသတ် မဟန့်တား နိုင်သေးချေ။ ဘိုကိုဟာရမ် တို့သည် နိုင်ငံမြောက်ပိုင်း ဒေသများရှိ အစိုးရပိုင် အဆောက်အအုံ များကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၁၅၀) ထက်မနည်း အား ရက်ရက်စက်စက် သတ်ဖြတ် သွားခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here