တရုတ် လူမျိုးရေး အဓိကရုဏ်း အလိုရှိသူ စာရင်းထုတ်ပြန်

alt

တရုတ်နိုင်ငံ၊ ဇင်ဂျန်းဒေသရှိ အူရမ်ကွီ ခရိုင် ရဲတပ်ဖွဲ့က မကြာသေးမီက ဖြစ်ပွား ခဲ့သည့် လူ (၁၉၇) ဦးထက် မနည်း အသက် ဆုံးရှုံးစေခဲ့သော လူမျိုးရေး အဓိကရုဏ်း များ အတွက်

အဓိက အလိုရှိနေသူ စာရင်းကို ထုတ်ပြန် လိုက်သည်။ ဇူလိုင်လ (၃၀)ရက် နေ့က ထုတ်ပြန် လိုက်သော စာရင်းတွင် ဒေသခံ မွတ်ဆလင် အဖွဲ့ဝင် ခေါင်းဆောင် များလည်း ပါဝင် နေကြသည်။

တရုတ် အာဏာပိုင်များ မှာ ထိုစာရင်း မထုတ်ပြန်မီ တရက် ကတည်းက အဓိကရုဏ်း များတွင် အဓိက ပါဝင် ပတ်သက်ခဲ့သည်ဟု ယူဆရသူ (၂၅၃) ဦးကို ထပ်မံ ဖမ်းဆီး ခဲ့သေးသည်။ တရုတ် အစိုးရ သည် ထို မတိုင်မီ ကလည်း အူရမ်ကွီ ပြဿနာနှင့် စပ်ဆက် နေသည့် လူပေါင်း (၁၄၀၀) အား ထိန်းသိမ်း ထားပြီဖြစ်သည်။

အူရမ်ကွီရှိ အာဏာပိုင် အဖွဲ့များ က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများ အတွက် တရား မျှတမှု ရှိစေရန် ကိုင်တွယ် ဖြေရှင်းသွားမည်ဟု ကြေညာထားပြီး ဖြစ်သည်။ နောက်ဆုံး ထုတ်ပြန် လိုက်သော စာရင်းတွင် ပါရှိသူများမှာ (၁၅)ဦး ဖြစ်ပြီး ဟန် လူမျိုးများအား တိုက်ခိုက် ခဲ့သည့် မွတ်ဆလင် ဘာသာဝင် အူဂါလူမျိုး ခေါင်းဆောင်များ အများဆုံး ပါဝင် သည်။

ဆင်ဟွာ သတင်း ဌာန ၏ ဖော်ပြချက် အရမူ စာရင်းတွင် ပါဝင်သူများသည် ယခု အချိန်တွင် တိမ်းရှောင် နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here