၁ နာရီ မိုင်၄ဝ နှုန်းအထိ ကားခိုးမောင်းသည့် ရနှစ်သား

alt

အမေရိကန်မှ အသက် (၇) နှစ်အရွယ် ခလေးငယ် တဦးသည် ဖခင်၏ ဒေါ့ရှ် အမျိုးအစား ကားကို ခိုးပြီး တနာရီမိုင် (၄၀) နှုန်းဖြင့် မောင်းနှင်နေသဖြင့် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ယူထ ပြည်နယ်၊ ဝက်ဘာရှိ ရဲတပ်ဖွဲ့က ခလေးငယ် တဦး ဝုန်းဒိုင်းကြဲ မောင်းသွား သည့် ကားတစင်းအား တွေ့ရှိ လိုက်ရကြောင်း သတင်းရသည် နှင့် ထိုကားနောက် ချက်ချင်း လိုက်ခဲ့ ကြသည်ဟု ဝက်ဘာ ရဲစခန်းမှ စခန်းမှူး ကလင့်အန်ဒါဆန် က ဆိုသည်။

ထိုကားသည် မီးနီကို မရပ်ဘဲ ဖြတ်မောင်း သွားသည်ကို လူတဦးက တွေ့ရှိရာမှ ကားမောင်း သူသည် ချာတိတ်လေး တယောက် ဖြစ်နေမှန်း သတိပြုမိခဲ့ခြင်း ဖြစ်သည်။ ထို ကားနောက်သို့ ရဲကား နှစ်စင်းက လိုက်သွားခဲ့ကြ ခြင်းဖြစ်သည်။ ထိုကလေး မောင်းသွားသည့် ကားသည် မီးနီကို နောက် တကြိမ် ဖြတ်အပြီး အခြား ကားတစင်းကို တိုက်မိလုနီးနီး ဖြစ်ခဲ့သေးကြောင်း ရဲများက ပြောကြားခဲ့သည်။

ဇူလိုင်လ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့သော ရုတ်ရုတ်သည်းသည်း ဖြစ်စဉ်တွင် ထိုကလေးသည် မိုင် (၄၀) နှုန်းအထိ အရှိန်တင် မောင်းခဲ့ပြီးမှ တနေရာတွင် ရပ်သွားပြီး အိမ်တလုံးထဲ ပြေးဝင် သွားခဲ့ခြင်း ဖြစ်သည်။ ဆော့လိတ်စီးတီး မြောက်ဘက် (၄၅) မိုင်အကွာတွင် ထိုကလေး ကားအတွင်းမှ ဆင်းပြေးသည်ကို ရဲကားများတွင် တပ်ဆင်ထားသည့် ကင်မရာက အလိုအလျောက် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ထား လိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။

နောက်ပိုင်း စုံစမ်းမှုများ အရ ပရက်စတန် စကားဘရော့ဂ် ခေါ် ထိုချာတိတ်သည် မိဘများက ဘုရားကျောင်း သွားရန် ခေါ်ရာတွင် မလိုက်ချင်သဖြင့် အဖေ၏ ကားအား ခိုးမောင်းလာခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကလေးမှာ အလွန်ငယ်သေးသဖြင့် တစုံတရာ အရေးယူမှု မပြုလုပ်ခဲ့သော်လည်း ရဲများက ဖခင် ဖြစ်သူအား ကားသော့ကို ခလေး မမြင်အောင် ဖွက်ထားရန် အကြံပြုခဲ့ကြောင်း နှင့် ယနေ့ အမေရိကား တီဗွီချာနယ် များတွင် ပရက်စတန် စကားဘရော့ဂ် နှင့် အင်တာဗျူး လွှင့်ထုတ်မှု အများဆုံးဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here