လက်ရှိ ဖျော်ဖြေပွဲများ အပြီး ဘီယွန်းဆေး ခလေး ယူတော့မည်

alt

လက်ရှိ ကျင်းပနေသော ကမာ္ဘလှည့် ဖျော်ဖြေပွဲများ ပြီးဆုံးပါက သူမနှင့် ခင်ပွန်းသည် Jay-Z တို့သည် ခလေး ယူရန် စဉ်းစားနေကြောင်း ဘီယွန်းဆေး က ပြောကြား လိုက်သည်။

Crazy In Love အဆိုတော်သည် သူမရော Jay-Z ပါ သာယာသော မိသားစု ဘဝလေးကို မျှော်လင့်မိကြောင်း ဝန်ခံ ခဲ့သည်။ သူမတို့ နှစ်ဦးလုံးသည် ယခု ကတည်းက ခလေး လိုချင်သော်လည်း ဖျော်ဖြေပွဲများ ပြီးဆုံးသည့် အချိန် ကသာ အသင့်တော်ဆုံးဟု ယူဆထားကြောင်း မှတ်ချက် ပြုခဲ့သည်။

အသက်(၂၇)နှစ် အရွယ် နာမည်ကြီး အဆိုတော်က သူမ၏ ညီမငယ် ဆိုလန်ဂီ ၏ (၄)နှစ် အရွယ် သားငယ် ကိုကြည့်ပြီး သူမလည်း ခလေး တယောက် လိုချင် လာမိကြောင်း ဝန်ခံ ခဲ့သည်။

ဗြိိတိန်ထုတ် Reveal မဂ္ဂဇင်းသို့ ဘီယွန်းဆေး နိုးလ် က ပြောကြားခဲ့ရာတွင် ဆိုလန်ဂီက သူမအား မိခင်တစ်ဦး၏ ဘဝ အတွေ့အကြံု များကို ပြောပြတတ်ပြီး သူမလည်း မိခင်ဘဝ ကို အားကျ နေမိသည်ဟု ပါရှိသည်။ Jay-Z ကမူ ယခင်ကတည်းက ၎င်းသည် ခလေး အဖေ ဖြစ်လိုကြောင်း ပြောဆို ထားခဲ့ပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here