ပျောက်ဆုံးနေသည့် ဟေတီ အလုပ်သမားများအား ရှာဖွေမှု အဆုံးသတ်

alt

လှေနစ်မြုပ်ရာမှ ပျောက်ခြင်းမလှ ပျောက်ဆုံး နေခဲ့ရသော ဟေတီ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား (၇၀) တို့အား ရှာဖွေနေမှု ကို အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က လက်လျှော့ လိုက်ပြီဟု ကြေညာခဲ့သည်။

အမေရိကန် သို့ ခိုးဝင်ရန် ကြိုးစားသော ၎င်းတို့ လှေသည် ယခုသီတင်းပါတ် အစောပိုင်း က တက်စ် နှင့် ကိုင်ကိုကျွန်းများ အနီး နစ်မြုပ် ခဲ့ခြင်း ဖြစ်သည်။ အတ္တလန္တစ် သမုဒ္ဒရာ အတွင်း နစ်သွား ခဲ့သော လှေမှ အခြားသူ (၁၁၈) ဦး ကိုမူ မီယာမီ အခြေစိုက် ကမ်းခြေ စောင့်တပ်က ကယ်တင် နိုင်ခဲ့သည်။ သို့သော်လည်း ဇူလိုင်လ (၃၀) ရက်နေ့တွင် ဆက်လက် ရှာဖွေမှုများ ကို လက်လျှော့ လိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများ က ကြေညာ ခဲ့ရာ ဇူလိုင်လ (၂၈) ရက် နေ့ ကတည်း က ပျောက်ဆုံး နေသူများ အား သေဆုံး သွားပြီဟု သတ်မှတ် လိုက်ခြင်းပင် ဖြစ်သည်။

ရှာဖွေရေး လုပ်ငန်းများအတွက် အခက်အခဲမျိုးစုံ ကြံုနေရပြီး ရေယာဉ်မှာလည်း အပြီးတိုင် နစ်မြုပ်သွားပြီဟု ယုံကြည်ရသဖြင့် ယခုလို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့ကဆိုသည်။ ၎င်းတို့နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့သူမှာ ဇူလိုင်လ (၂၉)ရက်နေ့က အနီးအနား ကျွန်းတစ်ခုတွင် သောင်တင်နေပြီး ရေဓာတ်ခမ်းခြောက်မှုနှင့် ကြံုနေ ရသည်။

နစ်မြုပ် သွားသောလှေသည် လူ (၁၆၀) နှင့်အတူ ဟေတီ မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်း ခရီးတွင် လည်း နောက်ထပ် လူများ ထပ်တင် သေးသဖြင့် ဝန်နှင့် လှေမမျှဘဲ နစ်မြုပ် သွားခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here