Microsoft နှင့် Yahoo တို့ ပူးပေါင်း

alt

Microsoft နှင့် Yahoo တို့ ပူးပေါင်းလိုက်ခြင်းသည် Search Engine ဈေးကွက်အား ဦးဆောင်နေသည့် Google အတွက် စောင့်ကြည့်ရမည့် ပြိုင်ဆိုင်မှု တစ်ခု ဖြစ်လာ နိုင်ကြောင်း လေ့လာသူများ က ဆိုသည်။

Microsoft သည် အင်တာနက် Searching လုပ်ငန်းများ အတွက် Yahoo နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း အတည်ပြု ကြေညာ ထားသည်။ Software ထုတ်လုပ်ရေး လုပ်ငန်းစုကြီး အနေနှင့် ကမာ္ဘပေါ်တွင် ဒုတိယ လူသုံးအများဆုံး Search Engine ဖြစ်သည့် Yahoo အား ၀ယ်ယူနိုင်ရေးအတွက် ကာလရှည်ကြာစွာ ကြိုးပမ်းနေခဲ့မှုမှာ ယခုအခါ ခြေတစ်လှမ်း နီးလာပြီ ဖြစ်သည်။ Microsoft သည် yahoo ထံမှ ၎င်းစမ်းသပ်နေသည့် Search Engine အသစ် Bing နှင့်ပတ်သတ်ပြီး အထောက်အကူ များစွာ ရမည်ဖြစ်သလို Microsoft မှာလည်း Yahoo ၏ ကြော်ငြာ ၀င်ငွေ အချို့နှင့် အခြား အခွင့်အရေးများ ခံစားနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် Search Engine အသုံးပြု ရှာဖွေမှုအားလုံး၏ (၆၅) ရာခိုင်နှုန်းကို Google က ချုပ်ကိုင်ထားပြီး Yahoo ကို အသုံးပြုသူ စုစုပေါင်း အရေအတွက်မှာ (၃၀)ရာခိုင်နှုန်းမျှ ရှိနေသည်။

Microsoft ၏ CEO စတိဘယ်မာက ယခု သဘောတူညီမှုကြောင့် Microsoft ရော၊ Yahoo ပါ အကျိုးရှိမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီး Google ၏ လွှမ်းမိုးမှုကို တွန်းလှန် နိုင်မည်ဟုလည်း မှတ်ချက် ပေးသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here