ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစီရင်မှု အား ဆန္ဒပြရန် လှုံဆော်မှုများရှိနိုင်ဟု စစ်အစိုးရပြော

alt

မြန်မာစစ် အစိုးရပိုင် သတင်းဌာနများ က မြန်မာ ပြည်သူများ အနေနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား တရားစီရင်မှု အပေါ် အခွင့်ကောင်း ယူကာ

ဆန္ဒပြရန် သွေးထိုး လှုံ့ဆော်မှုများ ကြံုရ နိုင်ကြောင်း သတိပေး ခဲ့သည်။ ဇူလိုင်လ (၃၀) ရက် နေ့ထုတ် The New Light of Myanmar သတင်းစာက ဒေါ်အောင်ဆန်းစုကြည် အား အပြီးသတ် စီရင်ချက် ချမှတ်မည်ဟု ကြေညာထားသည့် နောက်တရက် မတိုင်မီ လှုံ့ဆော်မှုများ ဖြစ်ပေါ် လာပါက နားမယောင် ကြရန် ရေးသား ထားသည်။

ထို့အပြင် လမ်းမများ ပေါ်သို့ထွက်ပြီး ဆန္ဒပြရန် နှိုးဆော် ကြသူများသည် ဒီမိုကရေစီကို ဆန့်ကျင် နေသူများသာ ဖြစ်ကြောင်း သတင်းစာက စွပ်စွဲ ထားသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား ဝီလျံယက်ထော အား ဝင်ခွင့် ပေးခဲ့သည်ဟု ဆိုကာ စစ်အစိုးရ လက်အောက်ခံ တရားသူကြီးများ၏ ထောင်ဒဏ်(၅)နှစ် အထိ ပြစ်ဒဏ်ချမှတ်မှုနှင့် ကြံုရနိုင်ကြောင်း သတင်း ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့တော် နေရာ အနှံ့တွင်လည်း (၂၀၀၇)ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးကြီး နောက်ပိုင်း စစ်တပ်နှင့်ရဲ လုံခြံုရေးအင်အား အများဆုံး တိုးမြှင့်ထားကြောင်း သိရှိရသည်။

သတင်းစာ အာဘော်အရမူ ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေကို ချိုးဖောက်သဖြင့် တရား ရင်ဆိုင်ရခြင်းသာ ဖြစ်ကြောင်း ရေးသားထားပြီး စစ်အစိုးရသည် နိုင်ငံတကာ မှ စွပ်စွဲ နေသကဲ့သို့ အာဏာကို သိမ်းပိုက် မထားလိုသည့် အထောက်အထား အဖြစ် နောက်နှစ်တွင် ရွေးကောက်ပွဲကြီး ကျင်းပတော့မည် ဟုဆိုကာ အမွှမ်းတင် ဖော်ပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here