အမေရိကန်တွင် ရေမွှေးနံ့ကြောင့် ဆေးရုံရောက်

alt

အမေရိကန် နိုင်ငံ၊ တက္ကဆက် ဒေသ တွင် ရနံ့ပြင်းထန်သော ရေမွှေး တစ်မျိုးကြောင့် လူ (၃၄) ဦး ဆေးရုံ တက်ခဲ့ ရကြောင်း သိရသည်။

မူလက လူ(၁၅၀)ကျော်တို့အား ကိုယ်လက် မအီမသာ ဖြစ်စေ ခဲ့သော အရာသည် ကာဘွန်မိုနော့ဆိုက် (သို့မဟုတ်) အခြားသော အဆိပ်သင့် ဓာတ်ငွေ့ တစ်မျိုး ဟု ဆရာဝန်များ က ယူဆ ခဲ့သော်လည်း နောက်ပိုင်းတွင် ရေမွှေး တစ်မျိုး သည် ထိုပြဿနာ ၏ အဓိက အကြောင်းရင်း အဖြစ် သတ်မှတ်ပြစ်တင်ခြင်း ခံနေရသည်။ MedStar လူနာတင်ယာဉ် ၀န်ဆောင်မှု ဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် လာရာကောက ဆေးရုံ တင်ရသူ (၃၄) ဦးအနက် (၁၂) ဦးသည် ဆေးရုံကား အကူအညီ တောင်းခံခ ဲ့ရကြောင်း သိရသည်။ ထိုရေမွှေးကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားခဲ့သဖြင့် တက္ကဆက်ရှိ ဘဏ်တိုက်တစ်ခု မှ ၀န်ထမ်း(၁၁၀)ကျော်ကိုလည်း ကုသမှုများ ပြုလုပ်နေရသည်။

ထိုဖြစ်ရပ် ဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရသေးသော်လည်း ဘဏ်တိုက်၏ လေသန့်စက် အတွင်း ထိုရေမွှေး ကို အသုံးပြု ခဲ့ရာမှ ယခုပြဿနာ ဖြစ်လာခြင်းဟု ယူဆ ရကြောင်း တာဝန်ရှိသူများ က ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here