ရီးယဲလ်မှ ရော်ဘန်အား ရိုးမားအသင်း ခေါ်ယူလို

alt

အီတလီ စီးရီးအေ ထိပ်တန်းအသင်း အေအက်စ် ရိုးမား သည် ရီးယဲလ် မက်ဒရစ် မှ အာဂျန် ရော်ဘန် အား စိတ်ဝင်စား နေကြောင်း သိရှိရသည်။

နယ်သာလန် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးသည် အသင်းသို့ ခရစ်စတီယာနို ရော်နာဒို ရောက်ရှိ လာပြီးနောက် နေရာပျောက်မည့် အရေးနှင့် ကြံုနေရပြီး အသင်းပြောင်းရန် ပြင်ဆင် နေရသူ ဖြစ်သည်။

ရိုးမားက အသက် (၂၅)နှစ် အရွယ် ရော်ဘန် အတွက် ယူရိုငွေ သန်း(၂၀) ၀န်းကျင်ဖြင့် ကမ်းလှမ်းရန် ကြံစည်နေခဲ့ပြီး၊ ချဲလ်ဆီးတွင် အကောင်းဆုံး ခြေစွမ်း ပြခဲ့ဖူးသည့် ရော်ဘန်အား ရိုးမားက တနှစ်လုပ်ခ ယူရို (၅)သန်း အထိ ပေးချေရန် အသင့်ရှိကြောင်းလည်း လေသံ ပစ်ထားခဲ့သည်။

ရော်ဘန်သည် ရီးရဲလ်တွင် ဆက်နေပါက အရံခုံသို့ ရောက်နေဖွယ် ရှိသောကြောင့် (၂၀၁၀)ခုနှစ် ကမာ္ဘ့ဖလား ၀င်ခွင့်ရရေး ပုံမှန် နေရာရရန် ရိုးမားသို့ ပြောင်းရွှေ့ဖွယ် ရှိနေသည်။

ရော်ဘန်အား ဥရောပထိပ်တန်း ကလပ် အတော်များများက စိတ်ဝင် စားနေသော်လည်း ရီးရဲလ်၏ ခေါ်ဈေး မြင့်မားနိုင်မှုကြောင့် လက်ရှောင် နေကြခြင်းဖြစ်ပြီး ရိုးမားကမူ တောင်ပံတွင်ရော၊ တိုက်စစ်တွင်ပါ ထူးချွန်သည့် ရော်ဘန်အား အရ ခေါ်ရန် ကြံစည်လျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here