မလေးရှားရောက် မြန်မာအလုပ်သမား ရပ်ဝန်းမှ အကြမ်းဖက် အဓ္ဓမ ပြုကျင့်မှုတခု

alt

လက်ထပ်ရန် ကမ်းလှမ်း ခဲ့မှုအား ငြင်းဆန် ခဲ့သည့် သူငယ်ချင်း၏ ဇနီးသည်အား လူတဦးက (၄)လကြာမျှ အကြမ်းဖက် အဓမ္မ ကျင့်ကြံထားမှု တခု မလေးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အသက် (၂၄)နှစ်ရှိ အမျိုးသမီးသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား တဦး၏ ဇနီးသည် ဖြစ်ပြီး မတ်လ အတွင်းက တရားမဝင် ဝင်ရောက် နေထိုင်မှု အတွက် အဖမ်းခံ ထားရသည်။

ထို အချိန်တွင် ၎င်း၏ သူငယ်ချင်းလည်း ဖြစ်ပြီး တိုက်တတိုက် ထဲတွင် အတူနေသည့် အသက် (၃၀)ကျော် အရွယ် အမျိုးသားက သူငယ်ချင်း၏ ဇနီးသည်အား ပိုးပန်းခဲ့သည်။ သို့သော်လည်း အမျိုးသမီးက ကလေး (၂)ယောက် ရထားသော ခင်ပွန်းသည်သာ ချစ်မြတ်နိုးသဖြင့် ၎င်း၏ လက်ထပ်ရန် ကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ရာမှ ထိုသူက အကြမ်းဖက် လာခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် အမျိုးသမီးအား တိုက်ခန်းအတွင်း အတင်းအကြပ် ဖမ်းဆီးထားပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ပြီး၊ အပြင်သွားချိန် အလုပ် သွားချိန် များတွင်လည်း အမျိုးသမီးအား ကြိုးဖြင့် တုပ်နှောင်ကာ တိုက်ခန်းအတွင်း ထားသွားခဲ့သည်။

ရွှာဝမ်း တွင် ဖြစ်ပွားခဲ့သော အဆိုပါ ကိစ္စအား (၄)လကြာမှ အိမ်နီးချင်းများက ရိပ်မိ သိရှိလာ ပြီးနောက် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ရာ အမျိုးသမီးအား ကယ်တင်နိုင်ခဲ့သည်။ ထို အမျိုးသမီးက အဓမ္မ ပြုကျင့်သူနှင့် ၎င်း၏ ခင်ပွန်းသည် အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြောင်း ရဲစခန်းတွင် အစစ်ဆေး ခံခဲ့သည်။

ပြစ်မှု ကျူးလွန်သူသည် သတင်းတင်ကြို ရရှိပြီး တိမ်းရှောင် နေဆဲဖြစ်သဖြင့် မလေးရှား ရဲတပ်ဖွဲ့က လိုက်လံစုံစမ်း ရှာဖွေနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here