အိန္ဒိယ ရေငုပ်သင်္ဘောသည် ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုဟု ပါကစ္စတန် သုံးသပ်

alt

အိန္ဒိယ နိုင်ငံက ၎င်းတို့ ရေတပ်အတွက် ပထမဆုံး အနုမြူ ရေငုပ်သင်္ဘောကို အောင်မြင်စွာ ရေချ လိုက်ခြင်းသည် ဒေသတွင်း လက်နက် အပြိုင်အဆိုင် တပ်ဆင်မှုကို အစပျိုး လိုက်ခြင်းသာ

ဖြစ်ကြောင်း ပါကစ္စတန်က သုံးသပ် လိုက်သည်။

ဇူလိုင်လ (၂၆)ရက် နေ့က ရေချ လိုက်သည့် ရေငုပ်သင်္ဘောသည် အိန္ဒိယ၏ မဟာဗျူဟာ လက်နက်တမျိုး ဖြစ်လာ နိုင်ပြီး ထိုသင်္ဘောမှ အနုမြူ ထိပ်ဖူးတပ် ဒုံးကျည်များကိုပါ ပစ်ခတ် နိုင်ကြောင်း သိရှိရသည်။

အိန္ဒိယ၏ ဒေသတွင်း ပြိုင်ဘက် ပါကစ္စတန် ကလည်း အဆိုပါ သင်္ဘော ကိစ္စကို လေ့လာလျှက်ရှိပြီး အိန္ဒိယ၏ စစ်ရေး လှုပ်ရှားမှု တိုင်းအား စောင့်ကြည့် လျှက် ရှိသည်။

အိန္ဒိယသည် ပြီးခဲ့သော သီတင်းပါတ်က မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် စနစ်ကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ပြီးနောက် ရေငုပ်သင်္ဘောမှ တဆင့် ရေအောက်တွင် ပစ်မှတ်ရှာ တိုက်ခိုက် နိုင်ပါက အမေရိကန်၊ ရုရှား၊ ပြင်သစ်နှင့် တရုတ်တို့ကဲ့သို့ အဆင့်မြင့် လက်နက်စမ်း တခုကို ပိုင်ဆိုင် လာခြင်းပင် ဖြစ်သည်။

အိနိ္ဒယသည် တောင်ပိုင်းအာရှ လက်နက်ပြိုင်ပွဲကို အကောင်အထည် ဖော်နေခြင်းဟု မိမိတို့ ရှုမြင်ကြောင်း ပါကစ္စတန် ရေတပ် အကြီးအကဲ မိုဟာမက် အက်ဖယ်တာဟီက ပြောကြားခဲ့သည်။

ထို နှစ်နိုင်ငံသည် (၁၉၄၇) ခုနှစ်က ပါကစ္စတန် ခွဲထွက်ပြီး နောက်ပိုင်း (၂၀၀၂) ခုနှစ်အထိ စစ်ပွဲကြီးများ ဖြစ်ပွားလုနီးနီး ထိပ်တိုက် တွေ့ဆုံမှု (၄)ကြိမ် ဖြစ်ခဲ့သော်လည်း (၂၀၀၄) ခုနှစ်မှ စတင်ကာ အနုမြူလက်နက် ပိုင်ဆိုင်သော နှစ်နိုင်ငံ ဆက်ဆံရေးသည် အတန်ငယ် တိုးတက် လာနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here