အမေရိကန် သမတ နှင့် တရုတ် အထူးသံတမန် အဖွဲ့ တွေ့ဆုံဆွေးနွေး

alt

အမေရိကန် သမတ ဘာရက် အိုဘားမား သည် ဇူလိုင်လ (၂၈)ရက် နေ့က တရုတ် သမတ ဟူကျင်တောင် စေလွှတ် လိုက်သော အထူး သံတမန် အဖွဲ့ကို ဝါရှင်တန် မြို့တော်တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် တရုတ်-ရုရှား မဟာဗြူဟာ နှင့် စီးပွားရေးဆိုင်ရာ ကိစ္စများကို အဓိကထား တိုင်ပင် နှီးနှောခဲ့သည်ဟု အိမ်ဖြူတော်က ကြေညာသည်။ သံအဖွဲ့ကို ဦးဆောင်လာသည့် တရုတ် ဒုတိယ သမတ ဝမ်ကွီရှမ် က သမတဟူ၏ နှုတ်ခွန်းဆက် စကားကို အိုဘားမားထံ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ ပြည်သူများသည် အမေရိကန် အပေါ် နားလည် ယုံကြည်မှု ထားရှိကြောင်း ပြောဆိုခဲ့သည်။

အစည်းအဝေးသည် (၂)ရက် ကြာမြင့်ပြီး ရလဒ်ပိုင်း အရ တရုတ်နှင့် အမေရိကန် ဆက်ဆံရေး တိုးတက်လာရန် နှစ်နိုင်ငံ အစိုးရများက မျှော်လင့် ထားကြသည်။ အိုဘားမားက နှစ်နိုင်ငံသည် ရပ်တည်မှုခြင်း အလှမ်းဝေးသော်လည်း ယခု ဆွေးနွေးမှုကြောင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစွာ ကူညီနိုင်ရန် မျှော်လင့်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အိုဘားမားက ယခု အစည်းအဝေးသည် တရုတ်နှင့် အမေရိကန် ကိုသာမက ကမာ္ဘတခုလုံးကို အကျိုး ဖြစ်ထွန်းစေမည်ဟု မိမိ မျှော်လင့်ကြောင်း အိုဘားမားက တရုတ ်သံတမန်အဖွဲ့အား ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here