လူအများအပြား သတ်ဖြတ်သွားသည့် အကြမ်းဖက်အဖွဲ့ နောက်သို့ နိုက်ဂျီးရီးယား စစ်တပ် ခြေရာခံလိုက်

alt

နိုက်ဂျီးရီးယား အစိုးရ စစ်ကြောင်းများသည် နိုင်ငံ မြောက်ပိုင်းတွင် လူအများအပြားကို သတ်ဖြတ် သွားသည့် ဘိုကိုဟာမန် အစ္စလာမ် အကြမ်းဖက် အဖွဲ့ နောက်သို့ ခြေရာခံ လိုက်နေကြောင်း သိရှိရသည်။

မြောက်ပိုင်းရှိ ဘရိုနိုပြည်နယ်မှ ဘိုကိုဟာမန် အဖွဲ့ ခေါင်းဆောင် မိုဟာမက် ယူဆွတ်၏ အိမ်ကို ဝင်ရောက် စီးနင်းခဲ့သလို အကြမ်းဖက် အဖွဲ့နှင့်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း စစ်တပ်က ကြေညာသည်။

သို့သော်လည်း ယူဆွတ် ကို ရှာမတွေ့ခဲ့ဘဲ အစိုးရတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် သေဆုံးသွားခြင်း (သို့မဟုတ်) လွတ်မြောက် သွားခြင်း ဖြစ်ကြောင်းကို မသဲကွဲ သေးကြောင်း ဒေသခံ ရဲအရာရှိ တဦးက ဆိုသည်။

ဘိုကိုဟာမန် သည် အနောက်တိုင်း ပညာရေးစနစ်ကို အစိုးရက ကျင့်သုံး လာခြင်းအား ဆန့်ကျင်ပြီး လက်နက်ဆွဲကိုင် တိုက်ခိုက်နေသည့် အကြမ်းဖက် အဖွဲ့တခု ဖြစ်သည်။ ၎င်းတို့သည် မွတ်ဆလင် များဖြစ်ကြပြီး ထူထပ်သည့် နိုင်ငံမြောက်ပိုင်း ဒေသများတွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ရာ (၃)ရက် အတွင်း ပြည်သူပေါင်း (၁၄၀)မျှကို ရက်စက်စွာ သတ်ဖြတ် လိုက်ကြသည်။

နိုက်ဂျီးရီးယားတွင် စုစုပေါင်း လူဦးရေ သန်း(၁၄၀)ခန့် မှီတင်း နေထိုင်ပြီး ခရစ်ယာန် နှင့် မွတ်ဆလင်များ ဘာသာရေး အရ ကွဲပြားနေပြီး မွတ်ဆလင် တို့၏ အယူသည်းသော တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here