ဒဏ်ရာရ ဗြိတိန်စစ်သည် များအား ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်ရန် ကြိုပမ်း

alt

ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနသည် ယခုအခါ ဒဏ်ရာရ စစ်သည်များကို မလျော်မကန် ဆက်ဆံရန် ကြံစည် နေကြောင်း စွပ်စွဲ ခံနေရသည်။

ကာကွယ်ရေး ဝန်ကြီးဌာနသည် ဒဏ်ရာ ရနေသည့် စစ်သည်များ အတွက် ငွေကြေး ထောက်ပံ့မှုကို ဖြတ်တောက်ရန် ပြင်ဆင်နေကြောင်း ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ပေါ်ထွက် နေခဲ့သည်။

ဝန်ကြီးဌာနသည် ဒဏ်ရာကြောင့် တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိသော စစ်မှုထမ်းများအား ရပိုင်ခွင့် (၇၀) ရာခိုင်နှုန်းနှင့် အထက် ဖြတ်တောက် နိုင်ရေး စီမံကိန်းအား ကြိုးစား ဖော်ဆောင် နေသော်လည်း တရားရုံးတွင် ထောက်ခံမှု မရှိဘဲ ဖြစ်နေရသည်။

ယခု သီတင်းပါတ် အတွင်း အဆိုပါကိစ္စ ဖြစ်သင့်မသင့် တရားရုံးက ဆုံးဖြတ်မည် ဖြစ်သော်လည်း (၂၀၀၁) ခုနှစ်မှ စကာ အာဖဂန်နစ္စတန် စစ်မြေပြင်တွင် ဗြိတိန် စစ်သည်တော်များ သေဆုံးမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိနေသည့် အချိန်နှင့် ကိုက်ညီနေသဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန၏ လုပ်ရပ်မှာ မျက်နှာ ပျက်စရာ ဖြစ်နေရသည်။

ထို့အပြင် မကြာသေးမီ ကမှ အာဖဂန်ရှိ ဗြိတိသျှ တပ်သားများ အတွက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် လုံလုံလောက်လောက် မရှိခြင်းကြောင့် မသေသင့်သော စစ်သည်များစွာ အသက် ဆုံးရှုံးနေရကြောင်း ဝေဖန်မှုများ ပေါ်ထွက်ခဲ့သေးရာ ကာကွယ်ရေး ၀န်ကြီးဌာန အတွက် ယခု ပြဿနာသည် ဒုတိယ ထိုးနှက်ချက် အသွင် ဆောင်လာခဲ့ပေသည်။

ကာကွယ်ရေး ဝန်ကြီးဌာန ကမူ ယခု ကိစ္စအတွက် ဒဏ်ရာကြောင့် နားနေသူများကို လက်နက်ကိုင်ဆောင် တိုက်ခိုက် နေသူများနှင့် တန်းတူ ရည်တူ အခွင့်အရေး ပေးထားခြင်းသည် စစ်မြေပြင်မှ ရဲဘော်များ အတွက် နစ်နာစေသည်ဟု တရားရုံးတွင် အကြောင်းပြ လျှောက်လဲ ထားသည်ကို သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here