ခင်ပွန်းဟောင်း အတွက် သီချင်းတပုဒ် မက်ဒေါနား ရေးစပ်နေ

alt

ခင်ပွန်းဟောင်း ဂိုင်းရစ်ချီ အား ရည်ညွှန်း ထားသည့် သီချင်း တပုဒ်ကို မက်ဒေါနား က ရေးစပ် နေကြောင်း သိရှိရသည်။

သူမ အနေနှင့် ဂိုင်းအား ထာဝရ ချစ်နေမည်ဟု ဖော်ပြသည့် အနေနှင့် ထိုသီချင်းကို Eternal Love ဟု အမည် ပေးထားကြောင်း မက်ဒေါနား က ဆိုသည်။ ကမာ္ဘကျော် အဆိုတော် နှင့် ဗြိတိန်ဒါရိုက်တာ တို့သည် အိမ်ထောင် သက် (၈)နှစ်မျှ အပြီးတွင် ယခုနှစ် အစောပိုင်းက လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မက်ဒေါနားသည် စက်တင်ဘာလတွင် ကျရောက်မည့် ဂိုင်း၏ မွေးနေ့အတွက် လက်ဆောင်ပေးရန် ရိုင်ဖယ်သေနတ် တလက်ကိုပင် သီးသန့် အော်ဒါမှာ ထားခဲ့သည်။ ဗြိတိန်ထုတ် Grazia မဂ္ဂဇင်းသို့ မက်ဒေါနား နှင့် နီးစပ်သူ အချို့တို့က မက်ဒေါနားသည် ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် အတွက် ဂိုင်းနှင့် လမ်းခွဲ ခဲ့သော်လည်း ၎င်းအား အလွန် ချစ်မြတ်နိုးကြောင်း ပြောကြားခဲ့သည်။

Sherlock Holmes ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဂိုင်း၏ သူငယ်ချင်း များကလည်း ထိုအချက်ကို ထောက်ခံခဲ့ပြီး မက်ဒေါနားသည် အိမ်ထောင်ရေး မပြိုကွဲရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြောင်း ပြောကြား ခဲ့ကြသေးသည်။ ယခု သီချင်းသည် မက်ဒေါနား၏ ရင်တွင်း ခံစားမှု အစစ်အမှန် ဖြစ်လာနိုင်ကြောင်း နီးစပ်သူများက သုံးသပ်နေကြသည်။

လက်ရှိ အချိန်တွင် မက်ဒေါနားသည် ဂျီးဆက်လက်ဇ် ဆိုသော ဘရာဇီးမော်ဒယ်နှင့် တွဲနေ သည့်တိုင် စိတ်ထဲတွင် ဂိုင်းအား မေ့မရနိုင်ဟု ထင်မှတ်ရကြောင်း သူငယ်ချင်း များက ထောက်ခံခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here