ASEAN+3 စွမ်းအင်ဝန်ကြီးများ အစည်းအဝေး မန္တလေးတွင် စတင် ကျင်းပ

alt

အာဆီယံ နိုင်ငံများနှင့် အတူ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စွမ်းအင် ဝန်ကြီးများ ပါ၀င်သော ASEAN+3 ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်သော မန္တလေးတွင်

ဇူလိုင်လ (၂၉)ရက် နေ့မှ စတင်ကျင်းပ ခဲ့သည်။

ထို အစည်းအဝေးကို တတိယ အကြိမ် အရှေ့အာရှ စွမ်းအင် ဝန်ကြီးများ ညီလာခံ အပြီး နောက်တနေ့တွင် ဆက်လက် ကျင်းပခြင်း ဖြစ်သည်။ ASEAN+3 တွင် အာဆီယံ နိုင်ငံများနှင့် အရှေ့အာရှ ဒေသ နိုင်ငံ(၃)ခု တို့၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် စပ်လျဉ်းပြီး ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာ နိုင်ငံသည် နိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ အတွက် နိုင်ငံရပ်ခြား ရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်လျှက် ရှိရာ ယခု အစည်းအဝေးသည် အရေးပါသော ကဏ္ဍတွင် ရှိနေသည်။

အစည်းအဝေးသို့ အာဆီယံ ဒေသတွင်းရှိ ထိုင်း၊ မလေးရှား၊ စင်္ကာပူ စသော နိုင်ငံများမှ စွမ်းအင် ဝန်ကြီးများလည်း တက်ရောက ်ခဲ့ကြသည်။ ဆဌမ အကြိမ်မြောက်အဖြစ် ကျင်းပသော အစည်းအဝေးတွင် တရုတ်နိုင်ငံမှ ဒုတိယ စွမ်းအင် ဝန်ကြီးလည်း တက်ရောက်ခဲ့သည်။

မြန်မာ နိုင်ငံသည် အာရှတိုက်၏ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု အများဆုံး နိုင်ငံတခု ဖြစ်ပြီး ယမန်နှစ် စာရင်းများ အရ မြန်မာ စစ်အစိုးရ ဓာတ်ငွေ့ ရောင်းချမှုမှာ ဒေါ်လာ(၂.၃၈၄)ဘီလျံ ဝင်ငွေ ရရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here