ဖျော်ဖြေရေး အသားပေး Apple iTablet များ ထုတ်လုပ် လာဖွယ်ရှိ

alt

Apple အနေနှင့် ဖျော်ဖြေရေး အတွက် အသားပေးသော iTablet များ ထုတ်လုပ် လာဖွယ် ရှိနေသည်ဟု အကဲခတ် လေ့လာသူ များက ဆိုကြသည်။

iPhone နှင့် iPod တို့အား ထုတ်လုပ် ထားသည့် ကုမ္မဏီ အနေနှင့် iPod ကြောင့် အောင်မြင်မှု ရရှိနေပြီးသား ဖျော်ဖြေရေး လောကသို့ iTablet ဖြင့် နောက်တကြိမ် ထိုးဖောက် လာနိုင်ဖွယ် ရှိနေသည်။

iTablet များသည် Touchscreen နည်းပညာကို အသုံးပြုပြီး ဒီဂျစ်တယ် စာအုပ်များ ဖတ်ရှုခြင်း၊ ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် သီချင်း နားထောင်ခြင်း တို့ကို ပြုလုပ်နိုင်ဖွယ် ရှိနေသည်။ အင်တာနက်ကို ချိတ်ဆက်နိုင်သည့် iTablet များသည် Apple ၏ နောက်ထပ်ခြေလှမ်း တရပ်ဖြစ်သည့် Tablet Notebook များ ထုတ်လုပ်ရေး နှင့်လည်း ဆက်စပ် နေဖွယ်ရှိသည်။

Apple သည် ထို iTablet ၏အားဖြင့် Amazon ၏ Kindle၊ Sony ၏ Reader တို့ ကဲ့သို့ နာမည်ကျော် e-book reader များအား ယှဉ်ပြိုင် လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် ခဲ့ကြသည်။ အင်တာနက် Blog များတွင် ဆွေးနွေးထားမှု အရ ထို iTablet များသည် ဈေးကွက် အတွင်းသို့ (၂၀၁၀) ခုနှစ် အစောပိုင်းတွင် ဝင်ရောက် လာဖွယ် ရှိနေကြောင်း သိရသည်။

အများစုက အမေရိကန်နှင့် မြောက် အမေရိက ဖျော်ဖြေရေးဆိုင်ရာ ဈေးကွက်တွင် (၇၀) ရာခိုင်နှုန်းကျော် လွှမ်းမိုးထားသည့် iPod ကို iTablet က ကျော်တက် သွားဖွယ်ရှိနေကြောင်း ယူဆလျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here