ဘယ်ဂျီယံ ထောင်ဖောက် အကျဉ်းသားများ ရဟတ်ယာဉ် သုံး၍ ထွက်ပြေး

alt

ပြီးခဲ့သည့် သီတင်းပါတ်က ဘယ်ဂျီယံ နိုင်ငံရှိ အကျဉ်းထောင် တခုကို ဖောက်ထွင်း ထွက်ပြေး သွားသည့် အကျဉ်းသား (၃)ဦးသည် ရဟတ်ယာဉ် တစင်းကို အသုံးပြုကာ လွတ်မြောက် သွားကြောင်း သိရှိရသည်။

အာလတာမြို့ရှိ အကျဉ်းထောင် မှ လွတ်မြောက် သွားသူ (၃)ဦးသည် ပြန်ပေး ဆွဲလာသည့် ရဟတ်ယာဉ် ကို မောင်းနှင် သွားပြီး ထိုမှတဆင့် ဘယ်ဂျီယံ ကမ်းခြေတွင် မာစီဒီးကား မောင်းလာသည့် အမျိုးသမီးတဦးနှင့် ဆားဗစ်စင်တာ တခုတို့ ကိုပါ အဆစ် အနေနှင့် ဓားပြ တိုက်သွား ခဲ့သေးသည်။

ထို ပြဿနာ အတွက် ခေါင်းခဲနေသည့် တရားရေးဌာန အာဏာပိုင် များက နောက်ထပ် ထိုကဲ့သို့ ထောင်ဖောက် ထွက်ပြေးမှုများ ဖြစ်ပေါ် မလာစေရန် စီမံကိန်းများ ရေးဆွဲနေပြီ ဖြစ်သည်။ ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသား (၃)ဦး တို့သည် အန္တရာယ် မပေးနိုင်ကြောင်း တရားသူကြီး တဦးက ပြောကြားခဲ့သော်လည်း ဒေသခံ မီဒီယာ များကမူ ထိုသူများသည် ကြောက်စရာ ရာဇဝတ်သားများ ဖြစ်နိုင်ကြောင်း ခန့်မှန်း ဖော်ပြလျက် ရှိနေကြသည်။

လွတ်မြောက် သွားသူများ အနက် တဦးဖြစ်သော အက်ရှရက်ဖာ ဆက်ကာကီ သည် အကြမ်းဖက်မှု၊ လုယက်မှုများ အပါအဝင် ပြစ်မှု (၁၆)ကြိမ် ထက်မနည်း ကျူးလွန် ထားသူဖြစ်သည်။ ရဲများ၏ အဆိုအရ ထိုသူ(၃)ဦး ထောင်ဝင်းအတွင်း ရှိနေချိန်တွင် အခြား တယောက်က ပြန်ပေးဆွဲလာသည့် ရဟတ်ယာဉ်ကို မောင်းဝင်လာခြင်းဟု သိရှိရသည်။

ထိုသူသည် အခန်း မလုံလောက်သည့် ရဟတ်ယာဉ်၏ အရွယ်ကြောင့် ထောင်ထဲတွင် နေခဲ့ပြီး ချိတ်ဆက်ထားသည့် (၃)ဦးက ရဟတ်ယာဉ်ကို မောင်းကာ လွတ်မြောက် သွားခြင်းဖြစ်သည်။ ထိုကဲ့သို့ အဖြစ်မျိုး (၂၀၀၇)ခုနှစ်၊ အောက်တိုဘာလ ကလည်း ထောင်ဖောက် ဘုရင်ဟု နာမည်ကြီးသည့် နော်ဒင် ဘန်နယ်လယ် သည် ယခု နည်းအတိုင်း ရဟတ်ယာဉ်ငယ် တစင်းကို ခိုးယူစေကာ ၎င်းကို အစ်ထရီ ထောင်ထဲမှ လာရောက်ကယ်တင်ရန် အဖော်တဦးအား ခိုင်းစေ ခဲ့သေးသည်။

သို့သော်လည်း ထိုစဉ် ကမူ ရဟတ်ယာဉ်ပေါ်သို့ အခြား ထောင်သားများပါ လုတက်ကြသဖြင့် ရဟတ်ယာဉ်လည်း ပျက်ကျ ခဲ့ရသည်။ ထို့နောက် ဘန်နယ်လယ် နှင့် ၎င်း၏ အဖော်သည် ထောင်ဝါဒါ နှစ်ဦးကို ဓားစာခံ လုပ်ပြီး အနီးရှိ မော်တော်ကား ရပ်နားစခန်းမှ တဆင့် ဘရပ်ဆဲ တောင်ပိုင်းရှိ အကျဉ်းထောင်မှ လွတ်မြောက် သွားခဲ့သော်လည်း နယ်သာလန် နိုင်ငံတွင် (၃)ရက် အတွင်း ပြန်အဖမ်းခံ ခဲ့ကြရပြန်သည်။

ထိုနှစ် အစောပိုင်း ကပင် ပြင်သစ်လူမျိုး အဲရစ်ဖာဒီနန် သည် အပိုင်စီးလာသော ရဟတ်ယာဉ်တစင်း အကူအညီဖြင့် လက်တင် ထောင်တခုမှ လွတ်မြောက်ခဲ့သေးပြီး သီတင်းပါတ် အနည်းငယ် အကြာတွင် အီတလီနိုင်ငံ အတွင်း ပြန်လည် ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here